ဖတ်ချင်တာဒီကအလွယ်ရှာပါ

Showing posts with label လူတွေကြားကကဗျာများ. Show all posts
Showing posts with label လူတွေကြားကကဗျာများ. Show all posts

Thursday, May 15, 2014

မျှော်တိုင်း နီးရက်နဲ့ ဝေး

.ပျော်ဖူးတယ်..ဘ၀ရဲ့ခရီးသည်…တစ်ဦးနှယ်
ကျွန်တော်..ငိုဖူးတယ်..အမေ့အိမ်..အဝေးမယ်…စင်စစ်
ဆိုဖူးတယ်..ရင်တွင်းသီချင်းသည်

.............လွတ်လပ်ခွင့်ပြုပါ...............




စိတ်ကို စိတ်က နိုင်တယ်တဲ့လား
တယူမသန်ပါဘူး
ဆူးကြားခယောင်းကြား
မထားခဲ့ ရက်နိုင်တဲ့ ဆန္ဒတွေ အထဲ
အများအတွက် တက်လမ်းများ
အခါခါ စွန့် ဖူးတယ်.....။

တပြားသားမှ မလျော့ဘူးဆိုတဲ့

......... နောင်တ ...........


အမုန်း ၀င်္ကပါ တစ်ကွေ့ များလား
ထွက်ပေါက်ကို မရှာချင်တော့ဘူး
ငါ့ ရဲ့  မာန ခံတပ်......လေးရေ
လွတ်လပ်စွာ…သဘောထား ကွဲလွဲမှု တွေအတွက်
နှလုံးက အပူကို….ဦးဏှောက်က…မျှယူခဲ့ မိတယ်......။

...... နဲနဲမျှ.....



ငါလိုချင်တဲ့ ကောင်းကင်ရေ
အငွေ့ ပျယ် မသွားနဲ့ ဦး
ရေငတ် သူတွေ အတွက်

.......... ရတနာ သုံးပါး .....ထရံကြားထိုးသူများ......


ဝါးခြင်း ခေါင်းခွေ့  သံအောက်မှာ ဓားရေးပြရတော့မလား
တောရိုင်း မိကျောင်းတွေ အရှေ့ ... စပယ်ပွင့်တွေ ဦးချ

........မေ့ နေကြသူများ.........


........မေ့ နေကြသူများ.........

မနေ့က နှစ်ထဲမှာ
ဆဒမ်ဟူစိန်ကို သေမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို တရားမဆွဲနိုင်ကြသေး
ငွေကြာရံမှာ သွေးပွက်ပွက်လျှံခဲ့တာ ကိုမှတ်မိနေတဲ့ ကလေး
တစ်ချို့ သော ကျောင်းတိုက်တွေ ချိတ်ပိတ်ခံထားရတုန်းတဲ့ 

....... နေရာမှန် .......


....... နေရာမှန် .......

အိပ်မက်များဖြင့် ချမ်းသာကြွယ်ဝ နေရဦးမလား
နှင်းဆီ မှန်လို့ ပါ ....... နီရဲစွာ ပြုတ်ကျ သေဆုံးပြနေတာ

............. အံ့သြဖွယ် သားကောင်တွေ ........ အတွက် .....................



မျိုးစပါးတွေမြိုချထားတဲ့ အပျိုလူပျိုတွေရေ
ငရဲပက်လက် ဒယ်အိုးကြီးထဲ ကိုယ့်အလောင်းကိုယ်ထမ်းလျှောက်နေကြသလား

......တီးလုံးသံ မဲ့ .............ကနေကြသူများ.........အတွက်..............


ငတ်မွတ်နေတဲ့  လူတစ်ယောက်ကို
ဘုရားသခင်နဲ့ အစားစာ ပေးရွေးခိုင်းရင်
ဘာကို..... သူ ...... ယူ မလည်း...

Thursday, March 27, 2014

~~လူတွေ ရှိတဲ့ ငါတို့ မြို့ ပါ ~~

~~လူတွေ ရှိတဲ့ ငါတို့ မြို့ ပါ ~~

လူကို လူ လိုမြင်ဖို့ 
မချိတင်ကဲ စိတ်တစ်ခု နဲ့ 
ေ သွေးမတော် သားမစပ်
ကျကွဲခွင့်ပြု ပါ...။
ထူးမြတ်စေမလား မတွေးပါဘူး
လူပီသကြဖို့ အတွက် ရည်ရွယ်လို့ 
မဆောင်သင့် တဲ့  သတ္တိတွေကိုင်ပြီး
ဟန်ဆောင်သရုပ်ပြနေတဲ့ 
မင်းတို့ ......
ထမင်းစားချိန် အကြောင်းပြချက်တွေတော်ပါတော့ ...။

......လွင့် ပျံရာ ငှက်ငယ်.....

......လွင့် ပျံရာ ငှက်ငယ်.....

နွေဦးပေါက် များစွာကို ငေးနေရင်းနဲ့

ပြန်လည် နိုးထလာတဲ့ မြန်မာပြည်ကိုကျောပေး

ေ တောက်တစ်ချက်ခေါက်ပြီး ငါ့ ကိုယ် ငါ ထူခဲ့တဲ့ ကောင်


...... ငါမြင်ခဲ့တဲ့  ဥပဒေရဲ့  နယ်ခြားမျဉ်းတစ်ကြောင်း........

...... ငါမြင်ခဲ့တဲ့  ဥပဒေရဲ့  နယ်ခြားမျဉ်းတစ်ကြောင်း........



အင်္ကျီ ဝတ်မထားသူတစ်ယောက်လိုပါပဲ အသက်မဲ့ခဲ့တဲ့ညတွေ

အက်နေတဲ့ တံခါးကို ခြေထောက်နဲ့ ကန်ထုတ်ခွင့်ပြုပါ

ဆင်ခြေတွေ များပြီး ဥပဒေ အော်နေတဲ့  အခန်းတွေ မပိတ်သေးပါဘူး


..........ပစ္စုပ္ပန်တည့်တည့်သို့........

 ..........ပစ္စုပ္ပန်တည့်တည့်သို့........

တံခါးကို ခြေထောက်နဲ့ ကန်ထုတ်ပြီးမှ
ဥာဏ်ရှေ့သွားခဲ့သလား ဥာဏ်နောက်လိုက်ခဲ့သလား
လိုတာမှန်သမျှ မျိုစရာမကျန်ရလေအောင်
လွှတ်တင်ထားတဲ့ လေစီးကြောင်းကြီးတွေ
မင်းတို့  လက်ထဲ ရှိတာ
ငါ သိပါတယ်...။


.......ရွက်နုစိုလျင် ကိုင်းသစ်ထွက်မည်.........

.......ရွက်နုစိုလျင် ကိုင်းသစ်ထွက်မည်.........

ဆရာ မင်းလူ ပြောသလိုပါပဲ
ထမင်းကြမ်းတစ်ဆုပ် ပြာတစ်ဆုပ်နှင့်
သစ်ငုတ်မှာတင် ဝေးသို့နှင်ပြီ
အသင်.....
အသင့်အိပ်မက် ပြန်ယူပါ..။

...........ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ........

ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့ သူ
ငါလည်း ငါ့အနုပညာနဲ့ ငါ။

သွားလေသူရဲ့သတင်းစကား
ငှက်ကလေးတွေ ပြန်သယ်မလာတော့ဘူး
မိတ်ဆွေ မြင်ပါစေ....

.....>>>ရုပ်နဲ့နမ်၊ ငါနဲ့ မှန်.......>>>


......>>>ရုပ်နဲ့နမ်၊ ငါနဲ့ မှန်.......>>>

မနက်ဖြန်ကို ဖွင့်ဖောက်ကြည့်မိတိုင်း
ဟန်ဆောင်ဆဲ ခေါင်းဆောင်တွေမျက်နှာ
ထားပါတော့ ထားပါတော့ 
ဘယ်သူ့ဘယ်သူရဲ့ ဥတုများမှာမှ
ငါ ....ဝင်ပြီး ကိုယ်အပူချိန်
မတက်ချင်တော့ပါဘူး...။

♣♣♣ ကဗျာ နှင့်  ပုန်ကန်ခွင့်ပြုပါ ♣♣♣

♣♣♣ ကဗျာ နှင့်  ပုန်ကန်ခွင့်ပြုပါ ♣♣♣

မျက်ဝါး ထင်ထင်ပါပဲ....
ကျကျချင်းပဲ ရနံ့ တွေ ထထပျံသွား တယ်
တစ်စိမ့်စိမ့်  အေးလို့ .....
ကိုယ့်ရှင်သန်မှု လွတ်မြောက်ရာ စိမ့်စမ်းတွေဆီ
ကဗျာလို့ ပီပီသသ အော်ဆိုဖို့
တရွေ့ရွေ့ ငါလျှောက်တဲ့  ခရီး
အချိန်အခါမဟုတ် ထထကြမ်း

Sunday, December 1, 2013

~~ငါ့ ရဲ့  ပွဲပြီးမီးသေ နိယာမ~~


လူဟာ လူပီသလိုက်ပုံများ
ဘယ်တော့မှမကုန်တဲ့ ဒေါသတွေပျိုးပြီး
ငါ့နှလုံးသား အဖြူရောင်ကိုမှ အရောင်လာဆိုးချင်နေတယ်...။
ဒါပေမဲ့....................
ေ နေမဝင်ခဲ့တဲ့ အမှောင်ထုထဲမှာတော့ 
အမိန့်ရကြေးစားတစ်ယောက်
 

~~~လေတွေ လာပြီးတဲ့နောက်~~~~



ကိုယ့်အသက်လေးကိုမှ နှိပ်စက်ချင်သူ တစ်ယောက်လို
ကိုယ့်သွေးတွေနဲ့  နံရံပေါ် အရုပ်တစ်ရုပ်စာ ခဲကြောင်းခြစ်
အရှင်ကောင်တွေ သေ အသေကောင်တွေရှင်စေပြီး
တောက်တစ်ခေါက်ခေါက်နဲ့  ဝေဖန်သူတွေကြားမှာ
ေ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေ ဘယ်လိုရှာရမလည်း....။

                             နေလင်းဖြိုး

~~သာမန်ဘဝ~~



ဆိုရှယ်လစ် တိရစ္ဆာန်ရုံထဲက ကျားနာ တစ်ကောင်လိုပါပဲ
အတွင်းသား အနှစ်သာရ ခံယူချက် အဘိဓမ္မာအတွင်းမှာ
အပိုဆာဒါးတွေ မထည့်တော့ပါဘူး...
ေ နေ့စဉ်ဘဝရဲ့ သေလုမျောပါး ကြိုးစားမှုတွေထဲမှာ
လူးလွန်ခဲ့သမျှမှာ ထုးချွန်ဖို့ပဲ လိုအပ်တယ်ကွာ ...။

                                          နေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 