ဝါးခြင်း ခေါင်းခွေ့  သံအောက်မှာ ဓားရေးပြရတော့မလား
တောရိုင်း မိကျောင်းတွေ အရှေ့ ... စပယ်ပွင့်တွေ ဦးချ
သွေးပုပ်ခင်းအိပ်တဲ့  ခွေးအတုတွေ မြေခိုးတော့မည်တောရိုင်း မိကျောင်းတွေ အရှေ့ ... စပယ်ပွင့်တွေ ဦးချ
အဖိုး ရည်မှန်းတဲ့  သာသနာမြေရေ
သားစဉ် မြေးဆက် သစ္စာဖောက်တာ..... ငေးနေရပြီ...။
နေ၀န်းခန့် 
ဆရာဇော်ဇော်အောင် စာလေး ပြန်မြင်မိတယ်.......
ငါ (မိတ်ဆွေ) များလည်း သွားကြပြီ။ ငါသွားရန် မစွမ်းနိုင်ပါ။ ငါ့နေရာ သည်မှာရှိ၏။ နေရာကို ကန့်သတ်ပိုင်းခြားထားသော်လည်း ငါ့ဘ၀သံသရာသည် ရှည်၏ ။ ကြာပန်းများ ပွင့်ကြ၊ ကခုန်ကြ၊ သေဆုံးကြသော ငါ့ရေအိုင်သို့ လင်းယုန်ငှက်သည် မကြာခဏ ထိုးစိုက်ဆင်းသက်လာတတ်၏ ။ ကျီးသည် အပြစ်ကင်းသော အနက်ရောင်အတိုင်းသာ ရှိ၏။ အရုဏ်ဦး၏ အမှောင်ထုတွင်းသို့ ထီးကိုဖွင့်၍ တန်းတန်းမတ်မတ် ပျံသွားကြ၏။ နံနက်ခင်းမှာ အိမ်ဖော်မလေး စွန့်ပစ်သော အမှိုက်အညစ်တို့ကို စားရသော်လည်း သူတို့အသံသည် စန္ဒရားတစ်ထောင်ထက်သာသော သီချင်းဖြစ်၏ ။
ဆရာဇော်ဇော်အောင် ......(ကုဗတစ် (အုပ်စာတစ်) မှ....)
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး