ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, May 15, 2014

......... နောင်တ ...........


အမုန်း ၀င်္ကပါ တစ်ကွေ့ များလား
ထွက်ပေါက်ကို မရှာချင်တော့ဘူး
ငါ့ ရဲ့  မာန ခံတပ်......လေးရေ
လွတ်လပ်စွာ…သဘောထား ကွဲလွဲမှု တွေအတွက်
နှလုံးက အပူကို….ဦးဏှောက်က…မျှယူခဲ့ မိတယ်......။

ထင်နေတာ တစ်ဘ၀စာ
မြင်ရတာ ခနတာ
ဥပက္ခာ တရား
ငါ့ အတွက် ကမ်း
မစောဘူးလား....။

နောင်တ......ရေ

ဇဝေဇ၀ါ အတွေးနဲ့ လူက ငါ ပါ
သူ့  ရင်ခုန်သံ မကြားခဲ့တာ ငါ ပါ
နီးစပ်ခွင့်  လှစ်လျူ ရှူ့  ခဲ့တာလည်း ငါ ပါ
အမှန်တရားမှန်း သိသိ နဲ့  မှားပြခဲ့တဲ့ကောင်
မင်းမုန်းတာ ရဲရဲကြီး မှန် ပါတယ်...။

နေ၀န်းခန့် (သို့ ) နေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 