ကြက်ပေါက် ကလေးတွေက ...အစာမြင်ဖို့ ရန် ဟိုပြေးလိုက် ဒီပြေးလိုက်...ကောင်းကင်ပြင်ပေါ်မှာ တိမ်တိုက်တွေက
ဟိုရွေ့ လိုက် ငြိမ်နေလိုက် .....~~ အဲ့ဒီ ကြားမှာ ဘယ်လိုခေါင်းစဉ်နဲ့မဆိုပေါ့ ကိုယ့်အဝိဇ္ဇာနဲ့ကိုယ်
သိုသိုသိပ်သိပ်ငွေ့လောင်နေကြတုန်း နှလုံးသားမီးတောက်များ နဲ့ အတ္တမီးစများက..
.နေရာရွှေ့  အငှားလိုက်နေကြတုန်းလေ......။
ဘယ်သူ ကမှ တိုက်တွန်းခဲ့တာ မဟုတ်လောက်ဘူး.....
အမှောင်မျိုခံထားရတဲ့ ဘဝတွေအတွက်
အမှန်တရားလမ်းမှန်ကို သူ့တို့ ဘဝ သူ့တို့  ခန္ဓာနဲ့ လောင်မြိုက် လင်းစေ မှောင်နေစေ ခဲ့တာဖြစ်တယ်...။
မယုံသူများကြည့်စမ်း.....
ရဲရဲဖွင့်ဆိုပြောနေတဲ့  သတင်းကြေငြာသူက ဘာကိုလိုအပ်လို လိုရာပြောနေပါလိမ့် 
သူမြင်တာသူပြောနေပေမဲ့  ကိုယ်ရွေးတဲ့ လမ်းက မှားနေတာကို မမြင်ကြသေးဘူးလေ...
အဲ့တော့........
အသိဥာဏ်ထဲကပ်ငြိလာသမျှကို တခုတ်တရစေ့စေ့မြင်နိုင်ဖို့ 
ရန် ချပြချင်စိတ်ကြောင့် ဒီစာမျက်နှာကို ကျော်ပါရစေ...။
ပေါလော မျောနေတဲ့ ဗေဒါ တွေကိုမြင်နေရတိုင်း အဲ့ချောင်းနံဘေးကအုတ်ဂူတစ်လုံးထဲမှာ
နစ်မြုပ်မှုအား သစ္စာရှိစွာ ဖက်တွယ်နေရစ်သူ အဖေ့ ရဲ့ ဝိညာဉ်ပေါ်
ပင့်ကူတစ်ကောင် အိမ်ဆောက်ရင်း လှိုင်းစီးနေသလို ဖြစ်မှာစိုးရိမ်မိလို့  မပြည့်စုံတဲ့ဘ၀နဲ့ 
ဘ၀ကိုကျော်ဖြတ်စေခဲ့တာများလားလို့  မတွေးချင်တော့ပါဘူးလေ...။
ငါ့စိတ်ဝိညာဉ်မှာ ငြိမ်းချမ်းမှုရှိတယ်ဆိုတာကိုတော့အရင်ဦးဆုံး ၀န်ခံပါရစေ...
ဒီလိုအကြာကြီး စောင့်ရတဲ့ အချိန်တွေအတွက်
ငါ ဖြတ်သန်းခဲ့ရတဲ့...စာမျက်နှာများ ´´ငါလက်ရှိ ပြေးနေရတဲ့လမ်းမများ.....