ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, March 27, 2014

~~လူတွေ ရှိတဲ့ ငါတို့ မြို့ ပါ ~~

~~လူတွေ ရှိတဲ့ ငါတို့ မြို့ ပါ ~~

လူကို လူ လိုမြင်ဖို့ 
မချိတင်ကဲ စိတ်တစ်ခု နဲ့ 
ေ သွေးမတော် သားမစပ်
ကျကွဲခွင့်ပြု ပါ...။
ထူးမြတ်စေမလား မတွေးပါဘူး
လူပီသကြဖို့ အတွက် ရည်ရွယ်လို့ 
မဆောင်သင့် တဲ့  သတ္တိတွေကိုင်ပြီး
ဟန်ဆောင်သရုပ်ပြနေတဲ့ 
မင်းတို့ ......
ထမင်းစားချိန် အကြောင်းပြချက်တွေတော်ပါတော့ ...။
လွင့်ပါးခဲ့ရ အာဇာနည် အကြောင်းပြောရတာလည်း များနေပြီ
သဂြိုဟ်သင့်တဲ့ အလောင်းတွေကိုင်ပြီး ငွေငတ်နေကြဦး မလို့ လား
ြေ ပောစမှတ်တွေ အထဲ အတ္တခဝါ ချသလို ဟန်ပြပြီး
‌ခြေဗလာ ‌ခေါင်းဗလာ နဲ့  ငါတို့ လည်း မရိုး အ သေးပါဘူး....။
ဒါပေမဲ့ ....
အခွင့်အရေးရတိုင်း အငမ်းမရ အသုံးချချင်နေတဲ့ စောက်ကျင်တွေ့ ကြောင့် 
ဆည်းလည်းသံတချွင်ချွင် ဘုရားအရိပ်က တရားကို မေ့ သယောင်ပြ
လက်အုပ်ချီ ဟန် တွေနဲ့ ယဉ်ကျေးနေတဲ့ ငါ တို့  မြို့ လေးလည်း
မင်းတို့ လို့  အသားထဲက လောက်တွေကြောင့်  ....
ကံကြမ္မာမိုက်ရိုင်း တွေနဲ့ ယှဉ်ပြိုင်နေရတော့တယ်...။

ေ နေလင်းဖြိုး (or )နေ၀န်းခန့် .................

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 