ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, May 15, 2014

........မေ့ နေကြသူများ.........


........မေ့ နေကြသူများ.........

မနေ့က နှစ်ထဲမှာ
ဆဒမ်ဟူစိန်ကို သေမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို တရားမဆွဲနိုင်ကြသေး
ငွေကြာရံမှာ သွေးပွက်ပွက်လျှံခဲ့တာ ကိုမှတ်မိနေတဲ့ ကလေး
တစ်ချို့ သော ကျောင်းတိုက်တွေ ချိတ်ပိတ်ခံထားရတုန်းတဲ့ 
ဝါးချွံ ပေါ် က...ပြည်သူ့ရဲ ဦးခေါင်းတွေ ၈၈ ထဲမှာ မြေမြုပ်
မင်္ဂလာဒုံ အမှတ် သုံး လမ်းမကြီးအတွက်
ပြည်လမ်းမကြီးအတွက် စတေးခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ
ဘယ်....ကလောင် လက်ကမှ အသိမှန်မပြုကြတော့
သူတို့..... ခေတ်မကုန်တာအတွက်
ကိုယ်ကပဲ အသက်ကို ဆွဲဆန့် ထားမိသလား
တန်ဖိုးမဲ့  အရိုးတွေ...အဆိပ်တက် စိတ်ရိုင်းတွေ
ကန်တော်ကြီးထဲမှာတောင် ရနံ့ မပျယ်သေးဘူး...။


နေ၀န်းခန့်ေ

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 