ဖတ်ချင်တာဒီကအလွယ်ရှာပါ

Showing posts with label အနာဂတ်ကောင်းကင်၏စိတ်ထား. Show all posts
Showing posts with label အနာဂတ်ကောင်းကင်၏စိတ်ထား. Show all posts

Thursday, May 15, 2014

### အနှိုင်း မဲ့ ...မေမေ ###

(အမေ များ နေ့ အတွက်...ဒီကဗျာနှင့်  ကန်တော့ပါ၏ မွေးမေမေ)

ကာရံထားတဲ့ တံတိုင်းတွေကြား
အဖေခေါ်စရာမရှိလို့ . ....
တကြော်ကြာ်.....ငိုကြွေးနေတဲ့ကလေး
အတ္တများဖုံးတဲ့ကမ္ဘာမြေပေါ် ထွန်းတောက်
ပျိုးထောင် သူ ရင်ထဲ ... ဒဏ်ရာတွေ ဗလဘွ နဲ့ ....။

Wednesday, May 29, 2013

(24-5-2013) ကဆုန်လပြည့်နေ့ အနာဂါတ်ကောင်းကင်ပရဟိတ၏ (၁၂)ကြိမ်မြောက် အအေးအလှူဒါနပုံရိပ်နှင့် တွေ့ဆုံပွဲ ပုံရိပ်များ

♥ မင်္ဂလာနေ့ပါဗျာ♥
(24-5-2013) သောကြာနေ့သည် ကျွန်တော်/ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တိုင်း အလေးအမြတ်ထားရာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်ရှင်။
ကျွန်တော်/ကျွန်မတို့ အနာဂါတ်ကောင်းကင်ပရဟိတအဖွဲ့မှ
ဗုဒ္ဓရွှေတိဂုံစေတီတော်ကြီးတွင် ကြိတ်ကြိတ်တိုးစည်ကား ဘုရားဖူးလာ ပြည်သူများ ရွှေရင်အေးအောင်
(၁၂)ကြိမ်မြောက်အလှူဒါနအဖြစ် အအေးတိုက်ကျွေးရင်း တတိယအကြိမ်မြောက် တွေ့ဆုံပွဲကိုဆင်နွဲခဲ့ပါတရ်....
************************************
************************
************
******
~ မြတ်ရွှေတိဂုံ ~
ရှာလိုက်ရတာ ဖက်ဖက်မော.. .. မြင်လိုက်ရတော့ ထင်းနေထှာဘဲ.. :D

Tuesday, November 6, 2012

အနာဂတ်ကောင်းကင်၏စိတ်ထား

အနာဂတ်ကောင်းကင် စုပေါင်းမဟာဘုံကထိန်နိုးဆော်လွှာ

အနာဂတ်ကောင်းကင်သူ၊ကောင်းကင်သားများမင်္ဂလာပါလို့ဦးစွာပထမနူတ်ခွန်းဆက်သအပ်ပါသည်။
ကျွန်တော်တို့အနာဂတ်ကောင်းကင်လေးဟာရပ်တည်လာခဲ့တာ၁နှစ်၈လနဲ့၁၈ရက်တိုင်အောင်ရှိခဲ့ပါပြီး။
အခက်အခဲတွေ၊ဝေဖန်မူတွေ၊မအားလပ်မူတွေကြားကနေကျွန်တော်တို့ရဲ့အဓိကလုပ်ဆောင်ချက်ဖြစ်တဲ့
ပရဟိတလုပ်ငန်းကလည်းပြီးခဲ့တဲ့သွေးလှူပွဲအပါအဝင်(၈)ကြိမ်ရှိခဲ့ပါပြီး။ကျွန်တော်တို့လက်ရှိဘဝရဲ့ရှင်သန်
နေတဲ့အချိန်လေးအတွင်းမှာကျွန်တော်တို့တက်နိုင်သမျှ၊လုပ်ဆောင်နိုင်သမျှ၊မိမိတို့နီးစပ်ရာမှာ
ကုသိုလ်မျိုးစေ့လေးတွေချပြီးအများအတွက်ကောင်းကျိုးတွေဆောင်ရွက်နိုင်ဖို့အနာဂတ်ကောင်းကင်အဖွဲ့သားများက
ပရဟိတလုပ်ဆောင်ချက်(၉)အဖြစ်ရန်ကုန်တိုင်းသန်လျင်မြို့ နယ်၊ကျောက်ရေတွင်းကျေးရွာ၊
ဆုတောင်းပြည့်ဘုန်းကြီးကျောင်း(တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ)၌အနာဂတ်ကောင်းကင်
စုပေါင်းမဟာဘုံကထိန်နဲ့ပဒေသာပင်လှူဒါန်းမည်ဖြစ်ပါသည်။အဆိုပါကျောင်း၌သံဃာအပါး(၈၀)၊
၇ှင်သာမဏေ(၁၈၀)၊မိဘမဲ့ ကလေး(၅၀၀)ကျော်ရှိပါသည်။အလှူရေစက်လက်မနှေးကြတဲ့ကျွန်တော်
တို့အနာဂတ်ကောင်းကင်သူ၊ကောင်းကင်သားများအနေနဲ့သင်္ကန်း၊ထီး၊ဖိနပ်၊ရေစစ်စတဲ့လှူဖွယ်ပစ္စည်းများအပြင်
လှူဒါန်းဖွယ်ငွေများကိုလည်းအတူတကွပါဝင်ထည့်ဆောင်နိုင်ပါရန်နိဗ္ဗာန်အကျိုးဆော်နိုးဆော်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းနိုင်သောနေရာ။ 

အနာဂတ်ကောင်းကင်၏စိတ်ထား,

Monday, October 22, 2012

အနာဂတ်ကောင်းကင်၏စိတ်ထား

အနာဂတ်ကောင်းကင်မိသားဝင်အားလုံး အမုန်းလမ်းဝေး ၊ အပြုံးပန်းမွှေးလို့ နှလုံးချမ်းအေးပါစေကြောင်း
ပဏာမ စကားနဲ့ ဂါရ၀ထားလို့ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်..။
လိုအပ်နေသူတွေကို
ဖေးကူပြီး သွေးလှူဖို့
မနှေးအတူတူ အကောင်းမြင် အသိအလှနဲ့
ကောင်းကင် ပရဟိတ ခရီးမှတ်တိုင်တစ်ခုကို အောင်မြင်စွာစိုက်ထူနိုင်ခဲ့ပြီပေါ့ ။

ဖြူစင်သော
ညီညွတ်စည်းလုံးသော
အများအတွက် ပေးဆပ်တတ်သော နှလုံးသားရှိတဲ့ အနာဂတ်ကောင်းကင်က ညီအကို မောင်နှမများရဲ့
ပရဟိတလုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ စုပေါင်းသွေးလှူဒါန်းပွဲလေးကို (၂၁-၁၀-၂၀၁၂)ရက် ၊ မင်္ဂလာနံနက်ခင်းမှာ
အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ် ။
ကြိုတင်စီစဉ်ထားတဲ့အတိုင်း စမ်းချောင်းမြေနီကုန်း ရွှေမန်းရုပ်ရှင်ရုံစုရပ်ကနေ ညီညာစွာ စုစည်းကာ (၂၀၄)ဘတ်စ်ကားကို စင်းလုံးငှားပြီး  အမျိုးသားသွေးလှူဘဏ်သို့ နံနက်(၉း၄၅)မိနစ်မှာ ရောက်ရှိကြပါတယ်။
အစစအရာရာ ကြိုတင်စီမံထားတာကြောင့် အမျိုးသားသွေးလှူဘဏ်မှာ သွေးစစ်ခြင်း သွေးလှူဒါန်းခြင်းကို
အဆင်ပြေချောမွေ့စွာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါတယ် ။  ဒီိလိုမွန်မြတ်လှတဲ့ ပရဟိတလုပ်ငန်းဆောင်ရွက်မှုလေးကို ကောင်းကင်မိသားဝင်အားလုံး မုဒိတာပွားခံစားနိုင်ဖို့ ၊ မောင်နှမတွေ ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်လေးတစ်ခုကို ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုပြီး ထပ်တူထပ်မျှရရှိခံစားကြစေဖို့
တူညီစိတ်လှ ပရဟိတ ပုံရိပ်လွှာများကို မှတ်တမ်းပြုပြီး  ကျွန်မချစ်ပန်းခိုင်က ဖော်ပြပေးလိုက်ပါတယ်ရှင်..။
 သွေးလှူရန်  ခန်းမဆောင် သို့   သွားရောက် စဉ်

Thursday, August 9, 2012

အနာဂတ်ကောင်းကင်၏စိတ်ထား,

Divider Scraps and Graphics
 
(စိတ်ထားမမှောင်တဲ့ ..သူရဲကောင်း)
ကြိုဆိုမှု့ သံ..မေတ္တာသက်ဝင်
ပင်ပန်းသူတို့ ...နားကုန်ကြစေ
စာပေရသ...စုံလင်ကြွယ်ဝ
ငတ်မွတ်သူတို့ ...၀မ်းဖြည့်ကြစေ
ဟာသစုံလင်...ဖန်တီးရုပ်ဖော်
စိတ်နွမ်းသူတို့ ..ပြုံးပျော်ကြစေ...။။
Divider Scraps and Graphics
မာန်မရှိသော...သန္တိသုခ
ဂုဏ်ရသဖြင့် နေ၀န်းပမာ
ထာဝရလင်း...တောက်ပပါစေ
ခေါင်းဆောင်ကောင်းရေ..။။
Divider Scraps and Graphics
ရန်ညှောင်ဆူးကင်း...ကောင်းသတင်းဖြင့် 
အလင်းဖြာဝေ...ရွှေတစ်ခေတ်အား
ဖြစ်ထွန်းတည်ဆောက်...အောင်နှိုင်စေသော်
အပြုံးမပျယ်...ခေါင်းဆောင်ကောင်းရေ...။။

Tuesday, July 24, 2012

အနာဂတ်ကောင်းကင်၏စိတ်ထား

အနာဂတ်ကောင်းကင် မိသားစုဆိုဒ်အတွင်းမှ မိသားစုဝင် ညီအကိုမောင်နှမ
များအားလုံးကျန်းမာ ပျော်ရွှင်ကြပါစေလို့  ဦးစွာဆုတောင်ပေးလိုက်ပါတယ်ခင်ဗျာ
ကောင်းကင်အတွင်းမှ မိသားစုဝင် ထင်ရှားသော အက်တစ်မန်ဘာဝင်များရဲ့ 

ပျော်ရွှင်ဖွယ်မွေးနေ့ များကို
ကောင်းကင်သား ကောင်းကင်သူ ညီအကိုမောင်နှမများမှ

ဝိုင်းဝန်းဆုမွန်တောင်းပေးခဲ့ကြရင်း

အခုဆိုရင် ကောင်းကင်ရဲ့  မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကောင်းကင်ထဲကကြယ်စင်တစင်းဖြစ်တဲ့
အမေ့သား နေလင်းဖြိုး ရဲ့ 
မင်္ဂလာရှိသော 27.12.2011 မွေးနေ့ ကလေးသို့ ပြန်လည်၍ ရောက်ရှိလာခဲ့ပြန်ပါပြီ....

   အမေ့သား နေလင်းဖြိုး  ရဲ့      

မွေးနေ့ မှစ နောင်နေ့ ရက်တွေတိုင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ နဲ့ 

ပြည့်စုံပါစေကြောင်း အနာဂတ်ကောင်းကင် မိသားစုဝင်မောင်နှမတွေအားလုံး

ဝိုင်းဝန်း ဂုဏ်ပြုကာ ဆုတောင်းပေးကြပါစို့ ဗျာ.....

ကြိုက်တာအော်ခဲ့ ဗျို့ 