ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, May 15, 2014

.............လွတ်လပ်ခွင့်ပြုပါ...............




စိတ်ကို စိတ်က နိုင်တယ်တဲ့လား
တယူမသန်ပါဘူး
ဆူးကြားခယောင်းကြား
မထားခဲ့ ရက်နိုင်တဲ့ ဆန္ဒတွေ အထဲ
အများအတွက် တက်လမ်းများ
အခါခါ စွန့် ဖူးတယ်.....။

တပြားသားမှ မလျော့ဘူးဆိုတဲ့
ကျူးရင့်ခဲ့တဲ့ စကားလုံး ပိုင်ရှင်တွေရေ
ငါ့ လမ်း ငါ...... ဖောက်ခွင့်ရဖို့ အတွက်
ဒုက္ခတွင်းထဲ ကုန်းထ ရုန်းထ ပြုတ်ကျလိုက်
လောကဓံ ရဲ့  သင်ခန်းစာ ခံယူနေဦးမှာပါ...။

တုံးတိုက်တိုက် ကျားကိုက်ကိုက်
ငါ လျှောက်ခဲ့ တဲ့  လမ်းကြမ်းတွေ
လက်မှတ် တစ်ဆောင် လောက်
ပါမစ် တစ်ခုလောက်
အရှိန် ၀ါ တစ်ခုလောက်
နာမည် တစ်ခု လောက်
အရာမထင် ခဲ့ သေးဘူး...။

ကယ် ဘယ်မှာလည်း.....
ယုတ္တိရှိ သဘာဝကျတဲ့ သဘောတရား
ခွေးအူသံ တွေ နားဆင်ရင်း
တောခြောက်သံ နားစွင့် ရင်း
နေ၀င်ချိန်ရေ .......
အသက်ရှူ သံ နေ့တစ်ပိုင်းသို့ 
လေ့လာ ခွင့်ပြုပါ...။

နေ၀န်းခန့် 

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 