လူဟာ လူပီသလိုက်ပုံများ
ဘယ်တော့မှမကုန်တဲ့ ဒေါသတွေပျိုးပြီး
ငါ့နှလုံးသား အဖြူရောင်ကိုမှ အရောင်လာဆိုးချင်နေတယ်...။
ဒါပေမဲ့....................
ေ နေမဝင်ခဲ့တဲ့ အမှောင်ထုထဲမှာတော့ 
အမိန့်ရကြေးစားတစ်ယောက်
ခွေးစားခွက်နိုက်မိတဲ့ ဆာလောင်မှုတွေနဲ့ ...။
အဲံသလို...လူတွေကြားမှာပဲ
ငါဆိုတဲ့ကောင် တစ်ကောင်ရဲ့ရင်ထဲ
ကျောသားရင်သား မခွဲခြားထားတာမို့ 
သုသာန်ရဲ့ သားကောင်ချင်းအတူတူ
အလောင်းလှဖို့  အခေါင်းမှာ စိန်မကွပ်ချင်ပါနဲ့ ....။
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး