အနာမဲ့ကျောက်တုံးမှ ငါမဟုတ်တာ
ကိုယ့်ကိုယ်ကို ပစ်လွှတ်လိုက်တုန်းကတော့
တစ်ခုခုကို ထိုးဖောက်ဖို့ရည်ရွယ်ခဲ့တာပဲ
အခုမှ.....ပေါက်လာတဲ့  ....အနာကိုပြန်ငေးရင်း
ကိုယ့်ရင်ဘတ်ကို ပြန်စိုက်နေတဲ့ အသိတရား
ချွေးသံတွေကြားက လွင့်ပျံလာတဲ့ ဒေါသ
နယ်မြေသစ်မှာ အစိမ်းလန်းဆုံးပွင့်ဖို့ 
ကိုယ့်ကိုယ်ကို ပစ်လွှတ်လိုက်တုန်းကတော့
တစ်ခုခုကို ထိုးဖောက်ဖို့ရည်ရွယ်ခဲ့တာပဲ
အခုမှ.....ပေါက်လာတဲ့  ....အနာကိုပြန်ငေးရင်း
ကိုယ့်ရင်ဘတ်ကို ပြန်စိုက်နေတဲ့ အသိတရား
ချွေးသံတွေကြားက လွင့်ပျံလာတဲ့ ဒေါသ
နယ်မြေသစ်မှာ အစိမ်းလန်းဆုံးပွင့်ဖို့ 
တကယ့်ကိုမယုံချင်ပါဘူး...။
တစ်ယောက်ကို ဆူးကလေးစူးရင်
တစ်အိမ်လုံး ဆူညံခဲ့တဲ့ညများ
လက်စုံ ထမင်းဝိုင်းလေးထဲကိုကြည့်တော့ 
ကိုယ်စီ ကိုယ်စီ အကြောင်းတရားတွေနဲ့ 
အဲ့သလိုပါပဲ အမေ့အသံနားစွင့် 
မေတ္တာတရားရွတ်သံ နားဆင်ပြီး
မေတ္တာတရားရွတ်သံ နားဆင်ပြီး
ရွှံ့ နွံအောက် လက်ကမ်းသူကို ကူဖို့ 
ဂရုဏာ တရားကို မြင်ရန် လှန်ဖတ်ခဲ့တဲ့ စာများ
အဲံတာထက် ၀န်ခံရရင်....
တစ်အိမ်လုံးက တုတ် ဓား မကိုင်တော့ပါဘူး..။
တစ်အိမ်လုံးက တုတ် ဓား မကိုင်တော့ပါဘူး..။
အသက်ရှူရတာတောင်
နင်တယ်
ဟောင်းသွားတဲ့ နောင်တတွေ ကိုင်ဆုပ်
ဟောင်းသွားတဲ့ နောင်တတွေ ကိုင်ဆုပ်
ငါပျိုးချင်တဲ့  စာနာမှူ သဘောတွေ ပြုတ်ကျ
မျှားတစင်းရဲ့ ပစ်ကွင်းထဲ အားငယ်နေသူဖေးမ
ချွတ်ယွင်းချက် အလီလီနဲ့ လွဲခဲ့တာပါပဲ..။
မျှားတစင်းရဲ့ ပစ်ကွင်းထဲ အားငယ်နေသူဖေးမ
ချွတ်ယွင်းချက် အလီလီနဲ့ လွဲခဲ့တာပါပဲ..။
အခု နောက်ဆုံး ......
ဆရာတာရာမင်းဝေ ခံယူလိုက်သလိုပါပဲ
ကျွန်တော်သည်
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့တော့တယ်.။..။
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့တော့တယ်.။..။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး