ဖတ်ချင်တာဒီကအလွယ်ရှာပါ

Monday, June 24, 2013

ပြည်ပရောက်...သူငယ်ချင်းအတွက်..သ၀ဏ်လွှာ

ခံယူချက်အသီးသီးနဲ့  ရန်ပွဲတွေ
မည်သူက လမ်းမှန်ညွှန်ပြမလည်း
ငါလည်းပဲ အသက်ရှင်ချင်သူတစ်ယောက်ပါပဲ
ဒီနေ့ ရဲ့ ခံယူချက်အလွဲတွေကို ပြုပြင်နှိုင်ဖို့ 
စစ်ကူ အတုတွေက  နေရာ လုကောင်းနေတုန်း..။
ခေါင်းဆောင်ရွေးနေတာနဲ့  ရှင်သန်ခြင်းကောင်းမှာမဟုတ်ပါဘူး
အောင်ပွဲရဖို့ကြွေးကြော်နေကြသူတွေထဲ  ပြန်လှည့်ငေးရင်းကြည့်
ဇာနည်ဘွားရဲ့သွေး မြေပြင်မှာ မခြောက်သေးပါဘူး..။
               ဒါပေမဲ့ .........သတိတော့ထားပေါ့ 
အရိုင်း မြေပေါ်က ဓါး\လှံ\သေနတ်တွေက
ဟမ်ဘာကာကို ဖြစ်ညစ်လိုက်သလိုပဲ
သွေးတွေထွက်တာ မြင်ချင်နေကြတယ်..။
            
အမိမြေနှင့်ဝေးကွာနေပေမဲ့ 
ရည်မှန်းချက်တွေမပြည့်ခင်အထိပေါ့ 
သူငယ်ချင်း...သတိထားမိပါစေ
စပိန်ဓါးပြတိုင်းရဲ့  အသက်ရှူ ခြင်းတွေထဲမှာ
သူတို့ ကို သတိထားသူတွေကိုသာ လေ့လာနေတက်ကြတယ်..။
...........နေလင်းဖြိုး.....

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 