အဝေးမြေ က ကောင်မလေးရေ
သူ့ရဲ့ ဆံနွယ်မျှင်တွေ ဘယ်ပုံပြောင်းနေမလဲ
ပန်းနုရောင် နှူတ်ခမ်းဆူဆူနဲ့ 
ငါ့ရဲ့ ရင်ခုန်သံတွေကို နင်းချေ
ခနတာဖြစ်ဖြစ် သတိရခွင့်ပေးပါ..။
လောကရဲ့မာယာဆိုတာ
အတီးခံရတဲ့ ဂီတာ တစ်လက်ပါပဲ
စစ်တုရင် မကစားဖူးပေမဲ့ 
ဆွဲမှောက်ခံလိုက်ရမဲ့  ယုံကြည်မှူတွေအတွက်
.....ဘာဖြစ်လဲ
သတိမရကြေး တချိန်တော့ ပြန်စုံအုံးမှာလေ..။
ယုံကြည်ထားနော်.....
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကို စိုက်ပျိုးနိုင်ပါတယ်.....။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး