ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, July 5, 2012

x..ray..ရင်ခွင်နှင့်မိန်းမပျို

ဒီမြို့ မှာငါ့စိတ်တွေကိုဘောင်ခက်ခဲ့လိုက်ပေမဲ့ 
သောကတွေကိုထမ်းအဓိပ္ပါယ်မရှိတဲ့နေ့ တွေ
ခြေရာမထင်တော့တဲ့လမ်း.
..မြင်နေလည်းမထူးတဲ့ခုံတန်း
အဲ့ဒီ့ ရက်ကွပ်မှာနာရီလက်တံဟာအသံမြည်မနေခဲ့ဘူး
ဘယ်သူသိမလဲစိတ်ဟာစိတ်ဖြစ်သွားပြီးနွံနစ်ခဲ့တယ်...။။။
အသိနဲ့အချစ်နဲ့ဆုံမိရင်ဘ၀တစ်ခုဖြစ်မယ်ထင်ပါရဲ့ 
ဒါပေမဲ့ ဖိနပ်ပါးအောင်ပြေးလိုက်နေတဲ့သံယောဇဉ်တွေအတွက်
အကြောင်းမဲ့သက်သက်အချိန်တွေဟာအဆိပ်မိနေခဲ့ တယ်..
တစ်ကယ်ပါတွေးကြည့်ခိုင်းနေတဲ့အချိန်တွေတိုင်းမှာတော့
ငါ့ဘ၀ရဲ့မနက်ဖြန်အမှောင်အခန်းတွေဖွင့်ဖွင့်ကြည့်ခဲ့ မိတယ်
သို့ သော်........
ရောင့်ရဲတဲ့ဘ၀ပေါ်မှာပျော်နေတဲ့အတောင်ပံနာနေတဲံ့ငှက်တစ်ကောင်
အသိုက်ရောက်ရန်အားသွန်ကောင်နေချိန်မှာ.
.မင်းမုန်းတာသိပ်လွယ်လွန်းတယ်..။။။
လက်ပေါ်မှာ၇ှိနေတာကမနေ့ကပြဇတ်ရဲ့လက်မှတ်.
ဘယ်သူအတွက်လည်းတဲ့ မေးရက်လိုက်တာ
ဘယ်ဒေါသတွေနဲ့များငါ့မာနကိုဖဲ့ခြွေနေပါလိမ့်နော်
တစ်နေ့တာမှောင်ခဲ့ပြန်တယ်..မလင်းတော့တဲ့ ကြမ်းပြင်ပေါ်
ဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့လည်းတောချောက်သံတွေနှင့်အတူ
ဒီဒဏ်ရာတွေအလည်မှာငါတစ်ယောက်တည်း...ဆက်လျှောက်ခဲ့
ဘယ်တောကောင်ရဲ့ အပြုံးကိုမှမတောင်းတခဲ့ပေမဲ့ လည်း
အမုန်းရဲ့အရေခွံကတော့ခြုံလွှမ်းခဲ့ပြီလေ..အမမာခံဒဏ်ရာအတွက်
တစ်ကယ်တော့ပေါ့ပျက်ပျက်မျက်နှာကိုငေးပြီးတွေးမိခဲ့သင့်တယ်
..x..ray..ရင်ခွင်နှင့်မိန်းမပျိုရဲ့ နှုတ်ခမ်းဟာအပြာရင့်ရောင်နဲ့လေ...။။
                            နေလင်းဖြိုး
(အလွမ်းကိုဒီဂရီတွေဖြင့်ဆက်လက်ဖွဲ့ နွဲ့ ချင်ပါသေးတယ်လို့ပြောချင်နေသေးသည့်
သူငယ်ချင်းများကိုခင်မင်လေးစားနေတဲ့အမေ့သားနေလင်းဖြိုး....)

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 