မနေ့ ကချော့သိပ်သံလေးကပြတင်းဝမှာရှိမနေဘူး
ငါ့သားလေးကွတဲ့..ဘယ်မှာလဲအနာဂတ်တံခွန်ကြီးရယ်
အမေဟုခေါ်လိုက်တဲ့အချိန်မှာတော့နာကျင်ခဲ့ရတာပေါ့ 
အဖေရယ်..ကံတရားကြမ်းပြင်ပေါ်မှာနေထိုင်ရဲ့လားနော်
လမင်းကိုမြင်ခွင့်ရတဲ့အချိန်တိုင်းနွေးထွေးလှတဲ့ရင်ခွင်ရယ်
ပခုံးနှစ်ဖက်နဲ့အပြုံးမပျယ်တဲ့ အမေ့ရဲ့ ချော့သိပ်သံခက်သေးသေး
ဘယ်ကမ္ဘာမှာ..တုပယှဉ်နှိုင်တဲ့တေးသံရှင်ရှိနေမလဲတွေ့လိုက်ချင်ရဲ့ 
တိမ်ခိုးတွေကလမ်းဖျောက်နေတော့ ..အမေရင်ခွင်ထဲအိပ်မောကျခဲ့ပြီလေ..
သည်းခိုက်တုန်မျှ ချမ်းအေးလှသည့်ညအမှောင်ထဲ မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝရန်ကုန်မြို့ တစ်နေရာက ဆောင်းကာလမှာ
အမေ့ရင်ခွင် ခိုဝင်မှေးစက်လွမ်းနေရတယ် နံရံတစ်ဖက်က..အဖေရယ်..။။.
တစ်နေ့တစ်ရက် ကုန်လွန်ခဲ့ကာရွယ်ရောက်လာခဲ့ ပေမဲ့ 
ရင်ကော့အာခံ လောကဓံကိုတွန်းလှန်ရင်ဆိုင် အောင်ပွဲမြိုင်လို့
စိတ်ကတွေးထင် အ မေ့ရင်ခွင်ကိုတွင်တွင်ကန်ထွက် ခရီးဆက်ခဲ့ကြ
ရင်ကော့အာခံ လောကဓံကိုတွန်းလှန်ရင်ဆိုင် အောင်ပွဲမြိုင်လို့
စိတ်ကတွေးထင် အ မေ့ရင်ခွင်ကိုတွင်တွင်ကန်ထွက် ခရီးဆက်ခဲ့ကြ
အမေရယ်နေသာသောအခန်းလေးအတွင်းဖြစ်ဖြစ်နားနေခွင့်တောင်းချင်ပါရဲ့ 
မနက်ဖြန်ခါ..အမေဟာအပြုံးတွေနှင့် ပန်းတွေသီနေနှိုင်ဖို့ ရာ..သားဆန္ဒကမ္ဘာ..။။။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး