တိမ်လွှာကိုငေးပြီး
ငါ့ရင်ကအလွမ်းတွေ
နှင်းဆီဆူးနက်ရေ
မြင်နှိုင်ပါ့မလားလေ..။။
ခြေရာကိုငေးမော
အသွင်အထာကို
မမေးတောမိခဲ့ 
ငါ့အပြစ်ပါလေ..။။
ဒဏ်ရာကိုသီကုံး
မမှေးသုန်တဲ့ ဆောင်း
မြူနှင်းရယ်ပြုံးလို့ 
လကွေးကွေးလေးထဲ
အဆွေးတွေဝေဖြာ
အတိုးတွေတက်လာ
အကြွေးတွေများကာ
မထူးတော့တာမို့ 
ငါ့ကိုသာသိမ်းပါ
ဖြစ်ချင်တာဖြစ်စေ
ပုဒ်မ1500ဖြင့် သာ
တရားသာဆွဲပါလေ
ထာဝရစာအတွက်
အနစ်နာခံပါ့မယ်
သိမ်မွှေ့ နုနုနယ်
အမေ့သားရင်ခွင်
အရောင်မှိန်စေတော့ 
အနစ်နာခံပါမယ်
အံကြိပ်ပြီးတော့ကွယ်...။။
အမေ့သားနေလင်းဖြိုး
(27.12.2012...အင်္ဂါနေ့ ...အမှတ်တရ)
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး