ကျွန်တော်ကောင်မလေးပါ
အချစ်တွေနဲ့မနက်ဖြန်ကိုသာ
မက်မက်မောမောဆေးခြယ်ခဲ့ 
နှလုံးသားရဲ့မှတ်တမ်းမှာတော့ 
မှတ်မှတ်ရရဖြစ်နေဆဲပါလေ..။။
အတွေးတွေကိုတစ်ဗုန်းဗုန်းလှုပ်ခက်
ချစ်သူကိုတမ်းတမှု့ တွေနှင့် လက်တို့ နှိုး
ဒီမိုးရာသီတောင်ကုန်တော့မယ်ထင်တယ်
တောက်ခေါက်ပြီးလှည့်မငေးသွားတဲ့ချစ်သူ
အမုန်းမြို့ရဲ့ အ၀င်ဝမှာဘာရပ်ကြည့်နေပါလိမ့်နော်
မထင်ထားတော့ကျွန်တော်ရပ်ငေးခဲ့မိပါတယ်..။။
ငါ့ရင်ဘတ်ကိုနင်းချေပြီးမှလမ်းဖြတ်ကူးသူရေ
ဒဏ်ရာတွေလေလံတင်နေတာမဟုတ်ပေမဲ့ 
အချစ်စစ်တစ်ခုကိုမှခရမ်းရောင်ဆိုးသွားတဲ့ 
လရောင်မျက်နှာဖုံးနဲ့ တစ်ချိန်ကချစ်သူရေ
ဒီကာရံတွေနဲ့သာမင်းကိုလွမ်းပြမိလိုက်တယ်..။။
နေလင်းဖြိုး♥♥♥
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး