ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, July 5, 2012

ထင်ရာစိုင်းလမ်းမများ

ဘယ်ရောက်သွားပြီလည်း..
အိမ်မက်မဟုတ်နေ့ရက်လေးရယ်
ဘယ်ကမ်းတွေဆိုဒ်နေပြီလည်း
လမ်းခွဲချိန်..နှုတ်ဆက်အနမ်းတွေရယ်
ဘယ်အချိန်တွေရှိနေပြီလည်း
အိမ်ပြန်ချိန်နောက်ကျခြင်းတွေရယ်
မျှော်နေသူအိပ်ပျက်ညတွေကတော့
ရှင်သန်မှု့ ပန်းလေးအတွက်လင်းကောင်းနေတုန်း..
သံယောဇဉ်တဲ့လေ..သံယောဇဉ်လေတဲ့နော်ကွယ်....။။
မိုးသောက်မဲ့ ညလူးလိမ့်နေ၇င်း..နေရင်း
သက်ပြင်းပင့်သက်ရှိုက်လို့ တစ်ယောက်တည်း
လွမ်းဆွတ်တမ်းတ..အမှောင်ထုအခန်းထဲ
ပျံလွှင့်နေသောစိ တ္တဇ ဇတ်လမ်းလေးအတွင်း
မျက်လုံးမှိတ်လိုက်..မျက်လုံးဖွင့်လိုက်နဲ့ 
ဝေရီေ၀၀ါး..ပေါ့ပါးလွတ်လပ်စက္ကန့် တွေကြား
နောက်ဆုံး  နောက်ဆုံး...ဒီအခန်းထဲလည်း
အ၀တ်ဟောင်းတစ်ထည်နဲ့ ဟိုငေးဒီငေး
မီးတောက်တွေကူးသစ်ကိုင်းတွေနှင့်အတူ
မပြောင်းလဲသေးသောမနက်ခင်းတွေကိုင်ဆုတ်ရင်း
ဟိုနေ့ကပုံ၇ိပ်ကိုမှလွမ်းတမ်းတ..မိပြန်ခဲ့ ပါရဲ့ ....။။
                                    အမေ့သားနေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 