

တောင်တန်းတွေကဒေါင်လိုက်ပြေးကောင်းနေလို့ 
ရင်ခွင်ထဲမှာနှင်းငွေ့ တွေက..လက်ဖ၀ါးတွေအုပ်ပြီး
အေးချမ်းမှု့ တွေကိုလက်ကမ်းစာစောင်တွေအလားကွယ်
ဒါနဲ့ ဟိုတစ်နေ့ ကလေချစ်သူနဲ့တွေ့တော့
ကျွန်တော့် ကိုတိုးတိုးလေးမေးတာပြန်မြင်ယောင်မိတယ်
ငယ့် ကိုချစ်လားတဲ့......အဲ့ တော့ ကိုယ်ပြန်ဖြေမလိုအလုပ်
(ဗြုန်းခနဲဆို) ငလျင်လှုပ်သလိုပဲမျက်ဝန်းတောင်မှဖွင့်မအားလိုက်ဘူး
ခုတင်ပေါ်ကပြုတ်ကျ...စောင်နဲ့ လူကတစ်နေရာဆီသို့ 
သြော် အိပ်မက်ကောင်းကောင်းလေးပဲခံယူခဲ့ ရတယ်….။။။။။။။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး