သြော်.ဒီဇင်ဘာတဲ့ လားကွာ
မှေးနေတဲ့မြေခွေးကိုငေးပြီးမှ
ဒီတောမှာအစာမရှာချင်ပါဘူး
ပြေးနေတဲ့သမင်ပျိုကိုမြင်ပြီးမှ
ဒီတောမှာခြေမချခြင်ပါဘူး
ထိုင်နေတဲ့ကျောက်ဆောင်တွေထက်
ပြေးနေတဲ့မြင်းကောင်ရေကပိုများနေမလား
ငါတွေးမိလိုက်တာကတော့ဒီတစ်ညမှာ
ဆောင်းမြူကြားကချစ်သူကိုပြန်လွမ်းမိပါရဲ့ ..။။
သြော်.ဒီဇင်ဘာတဲ့ လားလေ....
မျက်ဝန်းရှတတလေးကိုတံခါးဖွင့်
တစ်လောကလုံးကိုငေးနေပေမဲ့ 
တစ်ကယ်ချစ်လာမေးဖြစ်လာတဲ့ 
ဖွဖွသိပ်အပြုံးတွေလမင်းလေးရေ
ငါ့ရင်ကိုပြိုးပြိုးပျက်ပျက်မြင်လို့ လား
လေထုပါးလှပ်...ကြပ်ညှပ်မြည်သံတွေနဲ့ 
လွမ်းဆွတ်ခြင်းမိနစ်များကိုမဖန်တီးတော့ပါဘူး
ဒီမျက်နှာချင်းဆိုင်နယ်မြေခြားမှာပဲနေရင်း
မလှပသောအရှုံးတွေကိုငါသယ်ပိုးတော့ကာ
နေမညိုခင်စမ်းရေကိုသောက်..မြူမှုန်ဖြာတဲ့ နှင်းစက်ကိုငေး
လရောင်ဆမ်းတဲ့ညချမ်းမှာချစ်သူဦးနေပျော်စေဖို့လေ..။။။။
31.1.2012(အင်္ဂါ)time...10..hour)
(♥♥♥နေလင်းဖြိုး♥♥♥)
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး