♥♥♥အလွမ်းတွေဝေ...ရင်တွင်းမျက်ရည်...♥♥♥
ရဲရင့်ခြင်းပြည့် လျှံနေတဲ့ငါ
ချစ်တယ်ပြောဖို့၇န်အတွက်
နှစ်တွေများစွာစောင့်စားခဲ့
ငေးခွင့်မရှိ...ဘေးဖယ်ခံရတဲ့ဘဝ
အသက်ဝအောင်မရူခဲ့ရဘူး....
မျက်ဝန်းကိုလာလာလှုပ်ပုတ်
နှလုံးသားတံခါးကိုလာခေါက်
အနိမ့်အမြင့်..မာန်မာနကိုကိုင်
ငါ့ရည်မှန်းချက်ကိုရိုက်ချိုးခဲ့သူရယ်
အသွားပြန်မညီတဲ့ မနက်ဖြန်လမ်းပေါ်
ငါ့အတ္တကိုငါပြန်မျိုချခဲ့ပါပြီ..နင်ကျေနပ်ဖို့ 
ဝေဒနာတွေနုတ်ဝမျှာပြိုကျချင်ပေမဲ့ လည်း
မျက်ဝန်းကန်းနေတဲ့ ကံတရားနတ်ဆိုးကြောင့်လား
အခုတော့.....ဒီဆောင်းမြူတွေကြားမှာပဲ
ကျရှူံးခြင်းတွေကိုရင်ဝယ်ပိုက်ပြီး...ရှောင်နေပါ့မယ်...
ပင်ယံပေါ်ကစံပယ်တစ်ပွင့်ရနံ့ သင်းနေစေဖို့ လေ
ဒါပေမဲ့ ...လိုအပ်ရင်တော့ခေါ်ဖို့မမေ့နဲ့နော်
ခက်ဝေးဝေးက..ဒဏ်ရာဟင်းလင်းပြင်ပေါ်မှာ
ပေးဆပ်မှု့ တို့ ကိုမွေးဖွား...သီကုန်း...အဆင်သင့်ကွယ်..။။
(ဒီညအလင်းမှာ..အလွမ်းများစွာဖြင့် ...နေလင်းဖြိုး♥♥♥)
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး