ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, July 5, 2012

သားနှလုံးအတွင်းက..မွေးမေမေ

အမေ....
အောင်မြင်မှု့ တွေဘယ်သောင်ခြေကပ်နေပါစေ နှလုံး အေးအေး...အပြုံးအေးအေးဖြင့် သာ
အမေ့ရင်အတွင်း..ထာဝရ အိပ်စက်ချင်ပါရဲ့ ..။။
အမေ......
ဒီသားအရွယ် မငယ်တော့ ပေမဲ့ ..သားသိပါတယ်
အားငယ်ချိန်တိုင်း အမေ့ရင်ခွင်မှာခေါင်းတိုး
အရွယ်ဆိုတာ ..အသံတစ်မျိုးလောက်သာ
မနက်ဖြန်ဟာရည်မှန်းချက်တွေအတွက်ပဲထားချင်ရဲ့ 
မွေးကျေးဇူးကို...အလင်းတွေကြားမှာဖြန့် ကာကျဲပြီး
နဂိုနေ မျက်နှာထားတွေကဖော်ပြခဲ့ အမေ့ရင်မှာ
ပန်းမာလာ ထုံပျံ့သင်းပန်းတစ်ခင်းတော့ ရှိနေဆဲ
အမေ့စကား မကွယ်ပျောက်...အမေ့ရုပ်ဝါ အေးမေတ္တာတွေ
အမေ့ဆူသံ...စမ်းကျသံတွေအလား..အောင့်မေ့နေတက်ပြီ..။။
အမေ..............
ပဲ့တင်သံပင် အသက်ဝင်လျက်
ကြည်လင်ချမ်းမြေ့ ဒီမြေပေါ်ဝရ်
အမေ့ ဂရုဏာ..ဘယ်ကွယ်ပါ့မလဲ
မိဘဂုဏ်ရည်မမေ့အပ်ပေ
ထိုတရားနဲ့ လက်ခံနှုတ်ဆက်
လွမ်းလက်ပြနေတဲ့သားသမီးတွေ
ဘယ်ပုံရှိနေပါစေ..အမေ့အနား
သားမခွါရက်..ဘယ်တော့အခါ
မခွဲခွါ..အစဉ်သာနေမြဲနေနေအုံးမှာ
ရင်မှ အမေ၊ တို့အမေက
ထာဝရ အမေ၊ တည်ရှိနေမည်
အမေ မငို၊ ဘယ်တော့မှမငို
ထာဝရပြုံးနှိုင်ဖို့ ဒီခရီးကြမ်း
နေပူနေစေအုံးတော့လေ..အမေ
သားမမှု့ ပါဘူး..အမေ့ပြုံးဖို့ ရန်
အဘယ်လေကြမ်းလာစေအုံးလော့
သားမမှု့ ပါဘူး..အမေစိတ်ချမ်းသာဖို့ ရန်
မထင်မုန်တိုင်းတိုက်စေအုံးပေါ့..အမေ..
အမေ့အတွက်..ဒီသားနှလုံးသားတစ်စုံဝရ်
အဆင်သင့် ပေါ့ ..အန္တဂိုဏ်းဝင်..ဘ၀အတွက်အား
စကားတွေ လင်္ကာဖွဲ့ဋီကာချဲ့ အမေသိချင်နေလောက်ပြီနော်..
ဒီစာလုံးတွေသီကုံးတဲ့ပန်းက...မွေးမေမေရဲ့ ..အလတ်နေရာကသား..။။။။
                                                                  အမေ့သားနေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 