မညီမျှခဲ့တဲ့ လူတန်းစားတွေအစာရှာထွက်နေကြပြီ
မင်းစိတ်အတိုင်း ပျိုးကျဲလိုက်ပါ..မှန်တယ်ဆိုရင်ပေါ့ 
ဖြစ်ပြီးပျက်သုဉ်း ဓါတ်သဘာဝအဆုံးထိအောင်
ရုတ်သိမ်းသလိုနဲ့ ကြွေကျမဲ့ ငါ့နှလုံးသားကိုယူပါ....
တပ်မက်မှုနဲ့ဂုဏ်သိက္ခာအချိုးမကျနိုင်တော့တဲ့အခါ
ချုပ်ထိန်းသလိုနဲ့ အခြေမကျတဲ့စိတ်ဓါတ်ကိုဖုံးကွယ်
အမြင့်တက်သူတို့ မှော်ကွန်းအောက်ဆုံးမှာငါနေပေးမယ်..
အချိန်နဲ့ အချိန်ကြားမှာငါ့ ရင်ဘတ်တွေကို နင်းနေပေမဲ့ 
အချိန်နဲ့ အချိန်ကြားမှာငါ့ ဘ၀တွေကိုနာကျင်မှု့ နှင့်  ရင်းပြီး
ယုံကြည်မှု့ ကိုအနင်းခံရတဲ့အခါတိုင်း..ဒါဟာ.ဒါဟာ..ဒါဟာ
ဝသုန်မြေကို အပေါက်မဖောက်ချင်ပေမဲ့ အစာငတ်နေတဲ့ဒီတောမှာ
နင်းသထက်နင်းချင်တဲ့ အပြုံးတွေက..ကဗျာတစ်ပုဒ်ဖြစ်စေခဲ့မယ်.။။။
ညတစ်ခြမ်းရဲ့ အရိပ်အောက်တဲ့ တောကောင်တွေတော့စုံလို့ ပါပဲ
မီးရောင်အောက်ပိုးဖလံတွေယိမ်းလို့ အချိန်ကအချိန်ကိုသယ်လာနေတယ်
လမင်းရဲ့ မျက်နှာရှေ့ မှာထိုင်ဖို့ရန်ဒီကောင်းကင်ပေါ်မှာနေရာရှိမနေတော့ ဘူး..
မနက်ညပြောင်းသွားတဲ့ တနပ်စာတွေရှာခဲနေတဲ့ အိပ်ကပ်တွေအရှေ့ မှာ
စာလုံးတွေရဲ့ လက်တွေက....တပ်မက်စွာစကားလုံးတွေ ဆုပ်ကိုင်ရင်းနဲ့ 
ကိုယ့်ပြကွက် ကိုယ်သတ်မှတ်ကြတဲ့အသက်ရှူသံများရဲ့ မနက်ဖြန်တွေကိုက
စိုက်ပျိုးသမျှ.. ပြန်ရိပ်သိမ်းရဦးမှာကိုမသိယောင်ဆောင်တက်နေကြပြီလား....
ဘာပဲဖြစ်ဖြစ်လေ...ရင်နင့်ခံစား အမှန်တရားအတွက်.ကဗျာတစ်ပုဒ်မဖြစ်ခဲ့ပေမဲ့ 
ညီမျှခြင်းချလို့ ရတဲ့ နေ့တွေထဲကအဖြေမှာဒါဟာကဗျာတစ်ပုဒ်ဖြစ်နေလိမ့်အုံးမယ်....။။။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး