အတိတ်က..အတိတ်ကိုပုံမဖော်ပေမဲ့ 
တူညီမှု့ ကပန်းချီကားချပ်အဟောင်းကို
နေရာမရွေးအသက်ဝင်စေပါတယ်လေ..။။
ပျံသန်းနေတဲ့ ငှက်ကလေးတစ်ကောင်
နှစ်ကောင်..မျက်ဝန်းတွေကို မှိတ်ထားမိတယ်
တိမ်တွေကိုခွဲပြီးနေဟာဝင်လုနီးပါးဖြစ်နေပြီ
ရေခဲပြင်တော့မဟုတ်မှန်းသိပါတယ်..ဒါပေမဲ့ 
မချစ်တတ်ဘူးလို့ ထင်ခဲ့မိတဲ့နှလုံးသား နှင့် သူရေ
လင်းလက်စူးရှတဲ့ အကြည့်တစ်ချက်အောက်မှာ
မိုက်မဲယစ်မူး ရူးမလောက်ထိ ချစ်ခဲ့မိသူဖြစ်ခဲ့မိတယ်
မိုးသံကင်းတဲ့ ဒီညလေးမှာမင်းမြင်နှိုင်ပါ့မလားမေးချင်တယ်..
ပျံသန်းသွားတဲ့ ငှက်ကလေးတစ်ကောင်
နှစ်ကောင်..မျက်ဝန်းတွေကို ပိတ်ထားမိတယ်
ညနေတိမ်တွေရယ်ပြန်မဆုံချင်တော့ပါဘူး
ဒီလမိုက်ညလေးထဲမှာ..ငါ့ဘ၀ကိုပြန်ဖော်ခဲ့ ပြီနော်...
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊သွေးသည်သစ္စာ၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊အချစ်သည်မေတ္တာ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ဒဏ်ရာသည်ဝေဒနာ
စိတ်မှာဘယ်ပုံမေ့၇မလဲအတည်မမြဲ၊ ဖောက်လွဲဧကန်
အချစ်သည်သည်သာ..လမ်းချော်တက်မြဲ...ခလုတ်တိုက်လဲ
ငှက်ကလေး...ရေ..ဘာပဲဖြစ်ဖြစ်
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့တာကြာခဲ့ ပေမဲ့ 
နေမသာတဲ့ညနေလေးမှာ..မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီပေါ့ 
သြော်..ငှက်ကလေးရေ..ဘယ်တောင်ခြေမှာလည်းနော်
မှောင်နေတော့ ကိုယ့်အရိပ်ကိုယ်မမြင်ရဘူးဖြစ်နေတယ်
ငှက်ကလေးရေ..ဆက်လက်ပျံသန်းနှိုင်ပါစေ..လွတ်လပ်စွာပေါ့ ..။။။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး