ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, May 15, 2014

### အနှိုင်း မဲ့ ...မေမေ ###


(အမေ များ နေ့ အတွက်...ဒီကဗျာနှင့်  ကန်တော့ပါ၏ မွေးမေမေ)

ကာရံထားတဲ့ တံတိုင်းတွေကြား
အဖေခေါ်စရာမရှိလို့ . ....
တကြော်ကြာ်.....ငိုကြွေးနေတဲ့ကလေး
အတ္တများဖုံးတဲ့ကမ္ဘာမြေပေါ် ထွန်းတောက်
ပျိုးထောင် သူ ရင်ထဲ ... ဒဏ်ရာတွေ ဗလဘွ နဲ့ ....။

ရောင်ခြည်ဦးမှာ ထိုးထွက်တဲ့အလင်း ရှင်
အမှန်တရားကိုမြတ်နိုးတဲ့......အမေ
အခက်ခဲ တွေ ကို ၀မ်းဖြည့် 
ရင်သွေး ငယ်တွေ အရှေ့ 
အပြုံး မပျက်ခဲ့ဘူးနော်....။

လောကဓံ က မာယာများသတဲ့ 
သူကိုယ်တိုင် မာယာတောထဲ ၀င်ထွက်
ရင်သွေးတွေ မနာကြင်ဖို့ အတွက်
ထွက်ပေါက်တွေ ရအောင်မှတ်
လမင်း အလင်းရောင်နဲ့ မယှဉ်သာပါဘူး အမေ...။

အတောင်စုံလို့  ပျံသန်းတော့မလား
မတားရက်....အစာခွံ့  ၀မ်းဖြည့် ပေးသူ
ချွေး ထွက်များရင် ဆာလောင်တတ်သတဲ့ 
မမောတန်း မှာကြား...
အသိတရားငယ်တဲ့  .....ရင်သွေး အတွက်လား အမေ..။

မိန့် ခွန်း သံ ....မဟုတ်ပါဘူး....ရပ်ဝေးရောက်မှ နားလည်
စိုးရိမ်မှု့  အသံတုန်တုန် တွေ....ရပ်ဝေးရောက်မှ နားလည်
တတွတ်တွတ် မှားကြား..နားခါးမိတဲ့ အသံ
ရပ်ဝေးရောက်မှ ငိုချခဲ့ရ.....
အဲ့ဒီ့  မေတ္တာ ရှင်
အဲ့ ဒီ့  ဂရု ဏာ ရှင်
အဲ့ဒီ့  လမ်းပြ ရှင်
ရင်ဝယ် မမေ့ ....နှလုံးသားကို အုပ်မိုး
မွေးကျေးဇူးရှင်......အို...အနှိုင်း မဲ့ ...မေမေ...။

နေ၀န်းခန့် (သို့ ) နေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 