ဖတ်ချင်တာဒီကအလွယ်ရှာပါ

Monday, May 27, 2013

အသုံးမကျခဲ့တဲ့ စံတော်ချိန်

ဘယ် ရပ်ဝန်းမှာ တိုက်ခတ်ဖို့အတွက်
မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ နော်... ?
အဖြေကို ရှာမတွေ့ခင်မှာပဲ -
ငါ့နှလုံးသားမှာ အသံမဲ့ မိုးတွေက ရွာ
မသိစေချင်ခဲ့တာ ဘယ်သူ့အတွက်ပါလိမ့်...။
ရွှေဝါရောင်သန်းနေတဲ့  ဟာရီကိန်းတစ်ခုက
 ငါ့အတွေးတွေထဲကို တည့်တည့် မတ်မတ်ခြေချ
                    သေခြာတယ်........
ညနေတစ်ခုရဲ တံစကမြိတ်မှာ
မျက်ရည်တွေ တွဲခိုနေကြပြီလေ ။

ငါသွေးဝင်နေတဲ့ဇာတ်လမ်း အဲဒီလမ်းထောင့်မှာ
လူသေတွေက ဟိုတစ်စ ဒီတစ်စ
အဲ့ငိုသံတွေကို ဧည့်ဝတ်ပြုဖို့  အားတွေဘယ်မှာရမလဲ
အတိ ဘာမှမရှိပဲ ကမ္ဘာကြီးလှနေမှာမို့ လား
ဝမ်းသာပျော်ရွှင်စရာ ဖယ်လိုက်တော့ မမြဲဘူးဆိုတဲ့အသိတွေ
               အဲ့အချိန်...အဲ့....ရင်နာစရာ...တေသံတွေကြား
ပုဒ်မထဲ ပိတ်မိပြီး ဦးခေါင်းကျိန်းနေတဲ့ အဓိပ္ပာယ်လမ်းပေါ် ငါလျှောက်
နာဂစ် ရဲ့ဖျော်ဖြေမှူ showပွဲမှာ ငါ့ရင်ဘက်ပေါ်က စာနာမူ့တွေမြဲစွာကိုင်
ငါကိုယ့်ငါ နာဂစ်ရဲ့  ကျောရိုးတည့်တည့်ကိုနင်းချေပြီး....စာနာမှူ ပြုလုပ်ပွဲမှာ
အမှန်က မာယာမရှိတဲ့ မျက်ရည်ပန်းတွေလား
ဝင်သက် ထွက်သက်ဟာ ချောက်ကမ်းပါးထိပ်မှာချော်လဲ
တေ့တေ့လေး တင်နေတဲ့ သစ်ရွက်တစ်ရွက်လိုသာ
လေတစ်ချက်အပင့်မှာ သူ့ မနက်ဖြန်ဟာ စုန်းစုန်းမြုပ်သွားလေမလား...။

အဲ့ သလိုပါပဲ....
ကျွန်တော်တို့  ရန်ကုန်မြို့ ပြလေးရဲ့သာယာမူ့ တွေကြားထဲ
ခွင့်မတောင်းပဲအလည်လာသွားလေသူ  နာဂစ်နတ်ဆိုးကြောင့်
အပြုံးတွေမခိုင် ယိုင်ကာလဲကြ သေနေ့မစေ့သေးသူရဲ့ အရှူံးပေးသံတွေအောက်
ဘာမှ မကျန်တော့တဲ့ ကံကြမ္မာ အတုကြီးနဲ့
အသက်၀၀ရှုဖို့ ပြတင်းပေါက်အသေတွေနောက်
ဂျက်ဖြုတ်ချလိုက်ပေမဲ့  အော်သံတွေမပျက်စဲ
သရဲဆိုတဲ့အာငွေ့ တွေနဲ့ပဲ အဲ့သင်ခန်းစာကို ကျော်ဖတ်၇တော့မှာလား
ဒါဆိုရင်တော့...........
ဒီရင်ဘတ်ပေါ်ကထွက်ကျလာတဲ့ ကာရံတွေအတွက်
မလေးမစားရာဖြစ်နေလိမ်မယ်.....။
ms. naylinphyo

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 