ဖတ်ချင်တာဒီကအလွယ်ရှာပါ

Saturday, April 20, 2013


 ငါ့အတွေးတွေကို ချိတ်ဆွဲခွင့်ပေးတဲ့ 
အိမ်အိုလေးရေ..ကျေးဇူးပါ..
ငါ့ဆန္ဒတွေကို.....သွန်ချခွင့်ပေးတဲ့ 
စာရွက်ဖြူလေးရေ.....ကျေးဇူးပါ....
ကာရံလေးတွေကို...မော့သောက်ပေးနေတဲ့ 
ငါ့ ချစ်တဲ့ ဗမာပြည်ကြီးထဲမှာ......

မျော်လင့်ချက်နဲ့ သေဆုံးနေသူတွေ များနေတုန်းပဲ..။

တလိမ့်လိမ့် ခယွင်းတဲ့....ဆန္ဒတွေကိုင်ပြီး
တစ်ကြောင်းစာချွန်...တစ်ကြောင်းသီကုံး
စမ်းတစ်ဝါးဝါး မနက်ခင်းများလဲ သေဆုံး
ဘာဖြစ်ဖြစ်....အဲ့ငိုသံတွေ..အဲ့ ဒီ ရယ်သံတွေကြား
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်မလာစေဖို့ ရည်ရွယ်
ငါ့ ကိုယ် ငါ ပဲ .....ခနတာသေဆုံးပြလိုက်မိတယ်....။
                           ms.paradise bird  or နေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 