ဘ၀တစ်ခုလုံးကို မော်ဒန်ကြမ်းပေါ် ပြစ်တင်ပြီး
လမ်းတွေပေါ် ရှပ်တိုက်လျှောက်တတ်တဲ့ ငါ
ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာကြား ငြိမ်သက်နေမိ
ဘာပဲဖြစ်ဖြစ်ပေါ့ ရေးလက်စ ဒီကဗျာလေးကို
ဝေဒနာတွေကိုင်ပြီး မျက်စောင်းမထိုးပါနဲ့ ..။
ဖြတ် / ကပ် / ညှပ် လုပ်ဖို့ လူကြုံမပါးလိုက်ပေမဲ့ 
နားအူပြီးထွက်တဲ့လေမှာ စကားလုံးတွေကြွယ်ဝ
အိုင်ဒီယာတွေ ခူးခပ်စားကြည့်မဲ့သူကို ပြန်ရှာတော့ 
လေဟာနယ်တွေ အသက်ရှုကျပ်နေကြပြီလေ..။
တဒင်္ဂအတွင်းမှာ ငိုနေကြသူတွေက များလာနေတုန်း
ပေးစရာဘာရှိသေးလဲ အမိန့်သံတွေ အရှေ့ ခေါင်းငုတ်
လက်သိပ်ထိုး ဖြေရှင်းရမဲ့ နေရာတွေက စောင်ခြုံတောင်း
အဲ့ဒီ ဦးခေါင်းကို ထပ်ပုတ်ကြည့်ပါ မာန်မလျော့သေးဘူး
ပြန်ပြန် ဟောင်နေလိုက်တာများ ဘေးခွေးတောင်ကြောက်ရတယ်..။
မြင်တာများတော့  ငါလည်း သက်ပြင်းချတတ်တဲ့လူသားပါ
အစိမ်းရောင်တံခါးတွေ မပွင့်မချင်းတော့..ငါသွန်ချပြချင်နေပေမဲ့ 
အမှောင်ခြုံထားတဲ့ အသံတစ်ခု ထောင့်ချိုးထဲကနေခုန်ထွက်
ဘယ်နေ့မှ လူပီသကြမလဲ အော်မိရင်း အဲ့ အိမ်မက်ကြား ငါလဲနိုးခဲ့ပြီ...။
ms.နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး