အချို့ဟာသများသည် ရယ်ရသည်။ တစ်ခါတစ်လေ ရယ်ရသော ဟာသများ သည်
ပျော်ရွှင်ခြင်းကို ဖြစ်စေသည်။ သို့သော် တစ်ခါတစ်လေ အချို့ ပျော်ရွှင်ခြင်းများသည်
နာကျင်ခြင်းကို ဖြစ်စေပြန်သည်။ ထို့ကြောင့် ဟာသများသည် နာကျင်ခြင်းကိုလည်း
ရံဖန်ရံခါ ဖြစ်စေတတ်သည်။ နာကျင်ခြင်း ကြောင့်လည်း ရံဖန်ရံခါ ရယ်ကြရပြန်သည်။
ထိုအခါ သိလာသည်က ဟာသတစ်ခုကို ရယ်မောခြင်းသည် လမ်းလျောက်ရခြင်း နှင့်
တူညီသည်။ လမ်းဆုံး လျှင် ရွာတွေ့မည် ဟု ပြောသောကြောင့် လမ်းဆုံး အထိ
သွားခဲ့ပြီးပါပြီ။ သို့သော် လမ်း ဆုံးတွင် ရွာကို မတွေ့မိ၊ လမ်းအဆုံးတွင် လမ်းသာ
တွေ့ရသည်။ သို့အတွက် တွေ့ရသည့် လမ်းကို ဆက်လျောက်ရပြန်သည်။
ဟာသတစ်ခု၏ ဟာသကို ပျက်လုံးထုတ်မိသော အခါ ဟာသသည် ဟာသ
အလွန်သို့ရောက်သွားပြီး ရယ်မောခြင်းတွင် အဆုံးမသတ်တော့ ပေ။ နာကျင်ရခြင်းများကို
တလှည့်ပြန်၍ ဦးလှည့်သွားစေသည်။ ဟာသသည် ဟာသတွင် လမ်းမဆုံး၊
နောက်ထပ် ဟာသများသို့ ဆက်လက် လမ်းညွှန်ပေးတော့သည်။
ဆန္ဒ
မင်္ဂလာပါ လောကကြီးလို့အမေ့ဝမ်းထဲက အထွက်
အားလုံးကို နုတ်ဆက်နိုင်လောက်အောင်ဒိကမ္ဘာမြေကြီးပေါ်မှာ
တော်ချင်..အော်ချင်..ထက်ချင်လှပေကွယ်..။။.ခြေတလှမ်းအလျှောက်
ပျိုကညာတွေ အကုန်အသိနဲ့  သတိပျောက် အောင်လို့ 
ငေါက်ခနဲ့ ငေးသွားလောက်စရာချော၇င်အကောင်းသား
သိန်းထောင်ကျော်တန်စိန်လက်စွပ် အောက်ကိုအကျမှာ
မည်သူမှမမြင်ပဲကောက်၇ရင်လည်းအကောင်းသား ..ဟဟဟ
သက်တော်၉၀မကတစ်ရာ့နှစ်ဆယ် မှာ ဆံမဖြူ သွားမကျိုး
ယောင်္ကျားတန်ခိုး မပြယ်ရလောက်အောင် ကျန်းမာချင်မိတာကအမှန်
ကွန်လွန်ပြီး နှစ်ထောင်ချီကြာ အထိနောင်လာနောင်သား တို့ တဖွဖွ ပြော
အောင်မြင်မှု့ ဇော အဟုန်မကုန်ရလောက်အောင် ထင်ရှားချင်တာကတော့စိတ်...
သကဲ့ သို့်ဆန္ဒများ တလုံးတ၀ ထင်ရှားစေဖို့ ၇န်အတွက်ဒီကဗျာလေးကိုရေးဖွဲ့ မိခဲ့ 
အယ်...မနက်ဖြန်အလင်းတွေကိုကမှုန်မှုန်ရီေ၀၀ါးစွာနဲ့ လေ...ပိုးစုန်းကြူလေးတွေဖမ်းလိုက်ပါအုံးမယ်..။။။။
အမေ့သားနေလင်းဖြိုး
ကယ်စကြစို့ လား..ဗျာ..နော်....မရိုးနှိုင်အောင်ဟာသတွေကိုသယ်ဆောင်လာသူ
အမေ့သာစာလုံးလေးများကတော့ ............အဲ့သလိုလေးတွေနဲ့ အစပြုပြန်ပါပြီဗျာ......
(၁)ကောင်းကင်သူလေး..မူပိုင်အမုန်းမေးတဲ့မေးခွန်းကြောင့်ဗေဒင်ပညာသယ်ငိုပွဲ
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ မမလေး..မူပိုင်အမုန်း၇ယ်ပေါ့ 
ဗေဒင်ပညာရှင်တစ်ယောက်ကို သွားတွေ့ကြသတဲ့။
ဗေဒင်ပညာရှင်တစ်ယောက်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
မေးကြတော့တာပေါ့။
ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ဗေဒင်ပညာရှင်က
ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
ဗေဒင်ပညာရှင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
တရုပ်သမ္မတကလဲ ဗေဒင်ပညာရှင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။
ဗေဒင်ပညာရှင်က်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
ငိုပြန်ပါလေရော။
နောက်ဆုံး ကျူပ်တို့ရဲ့ မမလေးမူပိုင်အမုန်းက အားကျမခံ ဗေဒင်ပညာရှင်ကို မေးလိုက်တယ်။
သူ့မေးခွန်း လဲကြားပြီးရော ဗေဒင်ပညာရှင်က ငိုပါလေရော။ သူမေးတာက
`ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
မျက်ရည်လည်ရွှဲကြားက ဗေဒင်ပညာရှင်က ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့ လေ......:p:p
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(၂)စောင်းလုလင်တို့အိမ်တွင်းပြသနာလေးတစ်ချို့ ပေါ့ ဗျာ..(ငွေတဲ့ )
ငွေ ငွေ ငွေ
စောင်းလုလင်...။က အဖေကို မေးသည်။
"ဖေဖေ ငွေဆိုတာ ဘာလဲပာင်?"
အဖေဖြစ်သူ.... မျှော်လင့်လေသံ နှင့် ပြန်ပြောသည်။
"ငွေဆိုတာ ကိုယ်ပိုင်ကား။ ၀ီစကီ နဲ့ မိန်းမချောတွေပါ။"
စောင်းလုလင်...။။။။'ငွေမရှိဘူး ဆိုရင်ကော?
"အဲ့ဒါဆို ဘတ်စ်ကား။ လက်ဖက်ရည်ကြမ်းနဲ့ မင်းအမေပါ သားရယ်။"......။။။
(မှတ်ချက်....အပြုံးလေးတွေအတွက်
လေဆာမလိုပဲသွားလေးတွေဖြူဖွေးအောင်ဖန်းတီးဖြစ်ပေမဲ
့ဗမာလိုပပြုံးပါနော်ဂျ...ဟိဟိဟိ...)
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(၃)....နောက်တက်သောသီလေးနဲ့ အဆွေးလူတို့ေ၇ကူးပြိုင်ပွဲလေး
ဟိုးရှေးရှေးတုန်းက … မိချောင်းတွေအများကြီး မွေးမြူထားတဲ့ သူဌေးကြီးတယောက်ရှိပါတယ် …
သူဟာ … မိကျောင်းတွေကို … အိမ်ရာနောက်က ရေကန်ထဲမှာ
… မွေးထားတတ်ပါတယ် …
ပြီးတော့ အဲဒီသူဌေးကြီးမှာ … အလွန်ချောမောလှပတဲ့ … သမီးပျိုလေးတယောက်လဲရှိပါတယ် …
တနေ့မှာတော့ … သူဌေးကြီးဟာ … ပါတီပွဲကြီးတခုကို ကျင်းပဖို့ဆုံးဖြတ်လိုက်တယ် …
ပါတီပွဲကျင်းပတဲ့နေ့မှာ … သူဟာ ဒီလိုကြေဌာခဲ့ပါတယ် …
ကြွရောက်လာတဲ့ လူကြီးမင်းများခင်ဗျာ …
ဒီပွဲမှာရှိတဲ့ ယောကျာ်းလေးတွေအားလုံးနဲ့ပြိုင်ပွဲလေးတခုပြုလုပ်ချင်ပါတယ် …
အဲဒါကတော့ … ဒီမိကျောင်းတွေ အပြည့်ရှိတဲ့ ရေကန်ထဲကနေ ဟိုးတဖက်ကမ်းကို
အန္တရာယ်မရှိဘဲ ဖြတ်ကူးနိုင်တဲ့သူကို မီလျံဒေါ်လာ ဒါမှမဟုတ် … ကျွန်တော်သမီးနဲ့ပေးစားပါ့မယ် …
သူဌေးကြီးပြောနေတဲ့ စကားမဆုံးခင်မှာပဲ … ရေကန်ထဲကနေ …
“၀ုန်း” ဆိုတဲ့ အသံကျယ်ကြီး ကြားလိုက်ရပါတယ် …
ဧည့်သည်တွေအားလုံးဟာ … ရုတ်တရက် ခုန်ဆင်းသွားတဲ့ ကောင်လေးတယောက် …
မြန်သမျှအမြန်ဆုံးနှုန်းနဲ့ ကူးနေတာ တွေ့လိုက်ရပါတယ် …
သူဆက်လက်ကူးခတ်နေတဲ့ အချိန်မှာ … ဧည့်သည်တွေကလဲ …
သူ့ကိုအားပေးနေကြပါတယ် … နောက်ဆုံးမှာတော့ … ရေကူးသမားအဆွေးလူလေးတစ်ယောက်ဟာ
တဖက်ကမ်းကို ဘာအထိအခိုက်မှ မရှိဘဲနဲ့ရောက်ရှိသွားပါတော့တယ် …
မီလျံနာကြီးဟာ … အရမ်းကို အံအားသင့်သွားပါတော့တယ် …
“မိုက်တယ်ကွာ … အံ့မခန်းပဲ … ငါက လုပ်နိုင်မယ်လို့တောင်ထင်ထားတာမဟုတ်ဘူး …
ကောင်းပြီ … ကောင်းပြီ … ငါ့ရဲ့ကတိစကားကို ငါတည်ရတော့မှာပေါ့ …"
ကဲ ပြော … လူလေး … မင်းလိုချင်တာ ဘယ်တခုလဲ … ငါသမီးလား
… One Million dollars လား …ဆိုတော့ ......
(အဆွေးလူ)ကောင်လေးပြန်ဖြေလိုက်ပုံက …
နားထောင် … အခု … လိုချင်တာ … သမီးလဲ မဟုတ်ဘူး …
မီလျံဒေါ်လာလဲ … မဟုတ်ဘူး … နှစ်ခုစလုံးမဟုတ်ဘူး …
ငါ့ကိုရေထဲတွန်းချတဲ့ကောင်… အဲဒီကောင်ဘယ်မှာလဲ … ထွက်ခဲ့စမ်း …
သတ္တိရှိရင် … ဟင်း ဟင်း … !!!!တဲ့ လေ....:p:p:p
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
(4)အဆွေးလူကိုယ်တိုင်သီဆိုတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့..(တေးရေးဆရာ..စောင်းလုလင်ကရေးပေးတာပါ)
(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချ
မ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)
မ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)
(မိုးစက်ပွင့် )တော့ ...ထမင်းအိုးလေပေါင်ပြီးထိုး.....
ဝေးခဲ့ ပြီ…… အတိုးပေးပြီးငါကပိုက်ဆံချေးမလို့ …..သံဓိဏ္ဌာန်ချထားခဲ
့တာဘဲ……(.နှင်းဆီမင်းသမီး)ဆီကများရမလားလို့ 
ငါကြည့် တဲ့ သရဲကားတွေ…ဗိုက်ပူမ က ငှားသွား….ငါ့ ရဲ့ ရုပ်ရှင်တွေ
ကာတွန်းခွေ အဖြစ်နဲ့  ပြန်ရ….ငါ့ အဖေ၀ယ်သိမ်းထားတဲ့ ဟာတွေ….အဖေသိရင်သေပါ
ပြီ…အဖေသိရင်တော့ သေပါပြီဗျာ
ဒီဒိုင်ရာရီကိုရေးသား….မင်နဲ့ ငါနဲ့ ပျော်ရွှင်မြူး…ဆပ်စလူးထ ပေါင်းလဲမနဲပါဘူး
(ကလေးမလေး)ဆ်ီမှာ အကြွေးတင်နေတာ…ဘယ်လိုပြန်ဆပ်
ရမလဲ… မသိတော့ ဘူး
မင်းလိုချင်တဲ့ ၂ လုံးဂဏန်း..ငါ့ ဘက်ကမပေးနှိုင်….ယုံကြည်စွာမျှော်လင့် ခဲ့ 
ငါတို့ နှစ်ယောက်တော့ မဝေးနိုင်…..ဘာကြောင့်  ဒီနံပတ်ကမထွက်ရတာလဲ
ငါ့ ဦးနှောက်ကမတွေးနိုင်…ဒီနေ့ အထိမမေ့ နိုင်..ငါ ချဲထိုးဆဲပဲယနေ့ တိုင်
ငါ့ အခန်းနံရံတွေပေါ်မှာ..ချဲဂဏန်းချိုင်းတွေကပ်ထားဆဲ
ငါ့ နှလုံးသွေးလည်ပတ်မှုကတော့  ဒီနေ့ ကစပီးရပ်တန့် ခဲ့ 
ပါတ်လည်ရော…စီးရီးရော..ဘိုးတော်ဂဏန်းရော…အဆုံပါပဲ
ဒါလဲမပေါက်ဘူး…. ကုန်တာပါပဲ..(တောင်ပေါ်သား)ကဘီယာတိုက်ခိုင်းတာအဆိုးဆုံး

တောင်ပေါ်သားကအဆိုးဆုံး..........................
(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)
တိုက်ဆိုင်လိုက်တာများကွာ…ဖေဖေါ်ဝါရီ ၉ ရက်~~~
ဆိုးချက်ကရင်နင့် စရာ…တည့်ဂဏန်းပေးတယ်ဆိုပဲ..ဘိုးတောါရှိတဲ့ 

.တောင်ငူကိုသွားခဲ့ …ဆောင်ထူထူခြုံရင်းနဲ
့…အမှောင်ထူထူဖြတ်ခဲ့ 
ဗလောင်ဆူတဲ့ ရင်ခွင်နဲ့ ပေါ့ ………….
မင်းကChelsea ကိုအထင်ကြီးတာလား….Ferguson ကိုမက်မောတာလား
မကြားချင်ရင်လဲနားပိတ်ထားလိုက်…ငါကတော့ ဒါကိုဆက်ပြောမှာဘဲ
မင်းအပေါင်းအသင်းတွေလာလာကြပ်တဲ့ …၂လုံးဂဏန်းတွေနဲ့ တင်ပြာရာခပ်ခဲ့ 
ဟိုအရင်ကတော့ ဒါဟာအမှတ်တမဲ့ ..ခုတော့ အပေါင်ဆိုင်ဆိုတာ

ထဲငါဟာရောက်ခဲ့ (မိုးစက်လည်းလည်းသိပါတယ်)
နားလည်ပေးပါ..ပရိတ်သတ်ကြီးရယ်…ဘောလုံးပွဲလေးလောင်းတဲ့ ဟာကို
အပြစ်မဲ့ တာလို့ မပြောချင်..မုသာဝါဒါကြူးလွန်ခဲ့ …
တစ်လုံးပြား၂၀ ဆိုတာ….မဟုတ်ပါဘူး..ညာတာ..
တကယ်က…နှစ်လုံးသရေ...ဒိုင်နဲ့ ပေါင်းပြီးလောင်းတဲ့ အချိန်ကြတော့ (ဂဒိုးကဒိုင်ရဲ့ တူလေ...
ရဲကငါ့ ကိုဆွဲဆိ..ထောင်ကျခဲ့တာ၎နှစ်..ပျော်လို့ ထပ်ပီးနေတာ ၃နှစ်
အဖြစ်အပျက်တွေပြန်လည်တွေးရင်း..အိမ်ပြန်ခဲ့ ပါတော့ ကွာငါ့ အချစ်
တောင်းပန်တယ်ကွာ..တလောကလုံးဗျောင်းဆံနေတာဘဲ
ဘောလုံးပွဲဒိုင်ကိုင်တယ်ဆိုတာကတော့  လုက်ဇာတ်မဟုတ်ပါဘူး ပရိပ်သတ်ကြီးရယ်
ဆွာဘွတ်နဲ့ညီလင်းနှိုင်တို့က..စာရင်းတွက်တာသေခြာတယ်ဆိုတော့ လား.....
(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)
၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့
အဲဒီနေ့ကအပူးမထွက်ပါ……….ဘောပွဲကမီးမလာလို့မလောင်းဖြစ်ခဲ့ 
ဒီဇင်ဘာ၈ရက်…နှလုံသားကိုဓာတ်လိုက်ပြီ ..တလုံးပဲလွဲသွားတယ်……………
ဖေဖော်ဝါရီ ၁၄ ရက်~~သူပေးတဲ့ လက်စွပ်မောင်းကွင်းလေးကို
လမ်းထိပ်က(Leo)ဆ်ီမှာ သွားပေါင်ခဲ့ ~~~ဘယ်တော့ မှ ပြန်မရွေးနှိုင်ခဲ့ 
ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်းလေးထွက်သွားတယ် အိုး....အို....အရူးအမူးပဲ
မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲပျော်မြူးခဲ့
တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ
ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ
အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့

သူငယ်ချင်းကောင်း..တောင်ပေါ်သားကတော့အိမ်ေ၇ှ့ တောင်မလာနဲ့ တဲ့ မောင်းထုတ်ခဲ့ ...
ပြန်ပေါက်လိုက် ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက်………ကျွန်တော့်ဘ၀ကွဲပျက်
(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါ ချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)
မိုးတွေရွာတုန်းမှာ~~နားခိုစရာဟာတကယ်မဲ့ လို
့~~~ငါတရောက်ထဲလျှောက်တယ်..အိုလမ်းများဟာ
မှားယွင်းတဲ့ လမ်းတွေမှာ….ချဲထိုးတာ ငါပျော်ခဲ့ ~~~~ ချဲပေါက်ဖို
့တကယ်ခက်ခဲ…လွဲမှားတဲ့ ဘ၀ကြီးကို
သိခဲ့ ရနောက်မှာလေ~~~~ အမှားများပြန်ပြင်တုန်းမှာ….အားလုံးနဲ့ ငါကဝေး
အူး…..အူး….အူး..အူး….အူး….အူး… အူး
အာ….အာ…အာ…အား.. အား….
(ကျွန်တော့်ကိုကြည့် မရလို့ တဲ့ ....ခွေး၃ကောင်လိုက်လို့ 
ထွက်ပြေးလိုက်ရတာ…
အူး…..အူး….အူး..အူး….အူး….အူး
ပန်….ပန်….ပန်… ပန်…ပန်….ပန်
ပန်…ပန်….ပန်… ပန်…ပန်….ပန်.

ပုဆိုးတောင်ကျွတ်ကျတယ်....
အူး…..အူး….အူး..အူး….အူး….အူး
ပန်….ပန်….ပန်… ပန်…ပန်….ပန်
ပန်…ပန်….ပန်… ပန်…ပန်….ပန်.
ဖိနပ်တောင်မပါဘူး...
အူး…..အူး….အူး..အူး….အူး….အူး
ပန်….ပန်….ပန်… ပန်…ပန်….ပန်
ပန်…ပန်….ပန်… ပန်…ပန်….ပန်.
ရို့ ရို့ ရို့ ရို့ ရို့ ရို့ ရို့ .........
မှတ်တောင်ထားပေလောက်ပါတယ်
အူး…..အူး….အူး..အူး….အူး….အူး
ပန်….ပန်….ပန်… ပန်…ပန်….ပန်
ပန်…ပန်….ပန်… ပန်…ပန်….ပန်.:p:p:p
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(5)ဆရာဝန်..ညီလင်းနှိုင်နှင့် စားပွဲထိုးအောင်အောင်တို့ တွေ့ ဆုံခန်းလေး
ဆရာဝန်ညီလင်းနှိုင်က
စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
ဟင်းမှာနေတုန်း မထင်မှတ်ဘဲ
စားပွဲထိုး..အောင်အောင်တစ်ယောက်
တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
ညီလင်းနှိုင်....။။"လိပ်ခေါင်းရှိသလား!"
ဆရာဝန်စကားကို
စားပွဲထိုး အောင်အောင်....။။။ပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ"
ညီလင်းနှိုင်......။။တိန်....:p:p:p;;;;

;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
(6)အမေ့သားပြောတဲ့  မရယ်ကြပါနဲ့နော်
တစ်နေ့ပေါ့ ..ကောင်းကင်ထဲမှာပေါ့ ...အဆွေးလူနဲ့ မိန်းကလေးလိုလို
ဘာလိုလိုခက်ချောချောကောင်လေးညမင်းသားတို့ ပေါ့ ဗျာ....................
သူငယ်ချင်းနှစ်ယောက် ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ ချစ်သူရ..ရေကန်ထဲခုန်ချချိန်
သူငယ်ချင်းနှစ်ယောက် ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ ချစ်သူရ..ရေကန်ထဲခုန်ချချိန်
ရေကူးဘောင်းဘီ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အဆွေးလူက
ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ"
ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ ဒါကိုအဆွေးလူတွေ့တော့ ဆိုင်းပုဒ်ကို
တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသမီးသီးသန့်၊
အထဲဝင်ပြီးမှေ၇ကူးဝတ်စုံလဲပါ" ဆိုတာဖြစ်တယ်။ ကယောင်ကတမ်းနဲ့အဆွေးလူ
နောက်ဆိုင်းပုဒ်တစ်ခုယူပြီး
ညမင်းသားလေး..။။ကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊
ကလေး ၅ဝ၊ အယောက်၂ဝအထက်
အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။
နောက်ဆိုင်းပုဒ်တစ်ခုကို အဆွေးလူ..။။ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့်
အဆွေးလူ မူးလဲမတတ်ဖြစ်သွားတယ်။
ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊
အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အဆွေးလူ...။။ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။
ဒီဆိုင်းပုဒ်ကြောင့် အဆွေးလူ..။။လဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ
ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ
အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။...
(မှတ်ချက်..ပြုံးစ၇ာအဖြစ်ဖန်တီးထားသောကြောင့် အပြုံးအတွက်ပဲသီးသန့်တွေးရယ်ပေးကြပါနော်)
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(၇)အချစ်တွက်ဆို၇င်ဘာပဲလုပ်လုပ်ရဆိုတဲ့ကောင်းကင်သူရဲကောင်လေး
အလင်းသစ်တစ်ယောက်
တစ်နေ့တော့အလင်းသစ်တစ်ယောက်..
.သူ့ကောင်မလေးကိုချစ်တဲ့အကြောင်းတွေသီဖွဲ့နေလေရဲ့ ပေါ့ 
အလင်းသစ်...။။။"အချစ်နဲ့ ပတ်သက်လာရင် ဘာပဲ လုပ်ရ လုပ်ရ၊ ဘာမဆို ရင်ဆိုင် ရဲတယ်
အရာရာ စွန့်လွှတ် ရဲတယ်။ ဘယ်အရာမှ လာပြီး တားဆီးလို့ မရဘူး"
ကောင်မလေး....။။။"ကဲပါ.... ယုံပါပြီ ရှင်ရယ်၊ ဒီညနေ ချိန်းထားတာ လာဖို့ မမေ့နဲ့နော်"
အလင်းသစ်......။။။။"စိတ်ချ... စိတ်ချ ဖဲဝိုင်း မလုပ်ဖြစ်ရင် လာခဲ့မယ်၊ ဆက်ဆက် စောင့်နေ"
ကောင်မလေး....။။။"ကဲပါ.... ယုံပါပြီ ရှင်ရယ်၊ ဒီညနေ ချိန်းထားတာ လာဖို့ မမေ့နဲ့နော်"
အလင်းသစ်......။။။။"စိတ်ချ... စိတ်ချ ဖဲဝိုင်း မလုပ်ဖြစ်ရင် လာခဲ့မယ်၊ ဆက်ဆက် စောင့်နေ"
ကောင်မလေး......။။။တိန်။။ဘယ်ယိုတဲ့ ...:p:p:p.....
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
(8)Leoပြောတဲ့  အချစ်၏ခြားနားချက်
(၁) ချစ်သူ ဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်း ဆုံ၏။
အိမ်ထောင်သည် ဘ၀ ။ ။ အကြည့်ချင်း ဆုံလျှင်လည်း အလကား ဖြစ်၏။ (၂) ချစ်သူ ဘ၀ ။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏။ အိမ်ထောင်သည်ဘ၀ ။ ။ ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။ (၃) ချစ်သူ ဘ၀ ။ ။ ကလေး ဘယ်နှစ်ယောက် ယူလိုက်မယ်ဟု စိတ်ကူး၏။ အိမ်ထောင်သည် ဘ၀ ။ ။ စိတ်ကူးသည့် အတိုင်း ကလေး မယူဖြစ်ခဲ့ရင်
အကောင်းသားဟု တွေး၏။
(၄) ချစ်သူ ဘ၀ ။ ။ ကိုယ် ပိုင်ဆိုင်သမျှ သူ့အား ပေးလို၏။ အိမ်ထောင်သည် ဘ၀ ။ ။ ကိုယ် ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏။ (၅) ချစ်သူဘ၀ ။ ။ မွှန်နေသော်လည်း ကိစ္စ မရှိဟု ဆို၏။ အိမ်ထောင်သည်ဘ၀ ။ ။ကိစ္စရှိမှ မွှန်၏။ (၆) ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့် တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏။ အိမ်ထောင်သည် ဘ၀ ။ ။ ဖုန်းထဲမှ အော်လိုက်ရ သည်ကိုပင် အားမရ။ (၇) ချစ်သူ ဘ၀ ။ ။ ချစ်သူ့ အကြောင်း ကဗျာ ရေးဖွဲ့၏။ အိမ်ထောင်သည် ဘ၀။ ။ ကဗျာရေးသူ ငစနူ။ (၈ ) ချစ်သူ ဘ၀ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏။ အိမ်ထောင်သည်ဘ၀ ။ ။ သူငိုလျှင် တီဗီ အစီအစဉ်တွေ ကောင်းပြီ။ (၉) ချစ်သူဘ၀ ။ ။ လူတောထဲတွင် လက်ချင်း ချိတ်၍ သွားလေ့ ရှိ၏။ အိမ်ထောင်သည် ဘ၀ ။ ။ လူတောထဲတွင် မျက်စောင်းချင်း ချိတ်၍ သွားလေ့ ရှိ၏။ (၁၀) ချစ်သူဘ၀ ။ ။ချစ်သူအကြောင်းသာပြော၏။ အိမ်ထောင်သည်ဘ၀ ။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏။ (၁၁) ချစ်သူ ဘ၀ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။ အိမ်ထောင်သည် ဘ၀ ။ ။ လူပေါင်း မှားခဲ့သည့် အတွက် ရင်ထုမနာ ဖြစ်၏။တဲ့ 
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
|
(၉)တောင်ပေါ်သားပြောသောသက်သေတစ်ခု
အတန်းထဲတွင် ဖြစ်သည်။ ဆရာမက မေးသည်။
ဆရာမ..။။"ငါးဖယ်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရတာလဲ"
တောင်ပေါ်သား..။။ လက်ညှိုး ထောင်ပြီးဖြေသည်။
"ဝေလငါးနဲ့ အိပ်လို့"
"တောင်ပေါ်သား.. အခန်းထဲက ချက်ချင်း ထွက်သွားစမ်း"
ဤသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေက ဘာဖြစ်လို့ ပြူးထွက် နေရတာလဲ၊

ဘယ်သူ သိကြလဲကွယ်"
တောင်ပေါ်သား... နောက်ပြန်လှည့်ပြီး အော်ပြောသည်။
"ဒါတွေအားလုံး သူမြင်လိုက်မိလို့"ပါဆရာမ...
တောင်ပေါ်သား... နောက်ပြန်လှည့်ပြီး အော်ပြောသည်။
"ဒါတွေအားလုံး သူမြင်လိုက်မိလို့"ပါဆရာမ...
ဆ၇ာမ...။။နင့်နဲ့နော်လား.......တဲ့ .....
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
နှလုံးစိတ်ဝမ်းအေးမြကြည်လင်ကြပါစေဗျာနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး