အနာဂတ်ကောင်းကောင်းကင်အတွင်းမှာပေါ့ ဗျာ
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသား
သူငယ်ချင်းတချို့ကောင်းကင်အတွင်းကဘီယာဘားမှာ
ဘီယာစုသောက်နေကြတယ်။ အဲဒီထဲမှာ ယောက်ျားလေးတချို့က
အထူးအဆန်းလေး စမ်းသပ်ကြည့်ချင်ကြတာနဲ့ ကိုယ့်ချစ်သူများဆီ
“နင့်ကို ငါချစ်တယ်”ဆိုတဲ့ မက်ဆေ့ရေးပို့ကြဖို့ အကြံထုတ်တယ်။
ဦးဆောင်သူတွေအနည်းငယ်တော့ဖော်ပြပေးပါ့မယ်နော်...ဟီးးးးးးးးးးးး
သူတို့ကတော့..ညီလင်းနှိုင်..အဆွေးလူ....ခွန်ကြီး....ဆွာဘွတ်...
..နေလင်းဖြိုး..တောင်ပေါ်သား...စောင်းလုလင်....တို့ပါပဲဗျာ
သူတို့ရေးပို့ပြီးနောက် အသက်အရွယ်မတူတဲ့ မိန်းကလေးတွေဆီကရတဲ့
အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။
အသက်(18)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– နင့်ကိုလည်း ငါချစ်တယ်!
အသက်(25)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– အစ်ကိုသောက်တာများသွားပြီထင်တယ်!
အသက်(28)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– ရှင် နေကောင်းပါတယ်နော်!
အသက်(35)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– ရှင်ကြီး လူမှားပို့လိုက်တာလား!
ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!
အသက်(45)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– အငြိမ်းစားယူပြီး
ရှင်အားယားနေလည်း တောင်သွားတက်ပါလား!တဲ့ ဗျာ....
အသက်(42)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။
“သား… သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ”
အသက်(51)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။
“အင်း… ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!”
သံသယမရှိ… အသက်အရွယ်မရွေး “I Love You”တယ်ဆိုတိုင်း ယုံနိုင်ကြပါစေ။
မှတ်ချက်..။။။စာဖတ်နေသူများခင်ဗျာ..အသက်ဘယ်လောက်ကို..
ဘယ်သူ့ ကောင်မလေးဖြစ်မယ်ဆိုတာတော့..မှန်းပြီးတွဲပေးခဲ့ကြပါနော်...
ပျော်စရာလေးကို.ဒီပုံစံလေးအသစ်ဖန်တီးလိုက်ပါတယ်ဗျာ...
လေးစားချစ်ခင်စွာဖြင့် နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး