ဖတ်ချင်တာဒီကအလွယ်ရှာပါ

Tuesday, February 26, 2013

ကောင်းကင်သားတို့အတွက်စိတ်ဖြေကမ်းခြေ..

ကောင်းကင်သားတို့အတွက်စိတ်ဖြေကမ်းခြေ..

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။.........
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
စာဖတ်ဝါသနာကို ပျိုးထောင်လိုက်မိခြင်းသည်
လူငယ်တစ်ယောက်၏ ဘ၀ကို တိုးတက် သွားစေနိုင်သည်သာမက
ပျက်စီးခြင်းဘေးမှလည်း ကာကွယ်လိုက်နိုင်ပါသည်။ထိုကြောင့် 
ကျွန်တော်ဖတ်ဖူးသောရသစာပေလေးတစ်ခုကိုမျှပေးလိုက်ပါတယ်..
၁။ အကြင်သူသည် မသိ။ မိမိမသိကြောင်းကိုလည်း မသိ။ ထိုသူကား လူမိုက်တည်း။ ရှောင်ပါ။
၂။ အကြင်သူသည် မသိ။ မိမိမသိကြောင်းကိုကား သိ၏။ ထိုသူကား လူရိုးတည်း။ ကူညီလိုက်ပါ။
၃။ အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုကား မသိ။ ထိုသူကား အိပ်ပျော်နေသူတည်း။ နှိုးလိုက်ပါ။

၎။ အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုလည်း သိ၏။ ထိုသူကား ပညာရှိတည်း။ ဆည်းကပ်ပါ။ခင်တွယ်တက်အောင်နေပါတဲ့လေ...။။


ကာင်းကင်သား(11)ယောက်၏....ဘီယာ i love you
အနာဂတ်ကောင်းကောင်းကင်အတွင်းမှာပေါ့ ဗျာ
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသား
သူငယ်ချင်းတချို့ကောင်းကင်အတွင်းကဘီယာဘားမှာ
ဘီယာစုသောက်နေကြတယ်။ အဲဒီထဲမှာ ယောက်ျားလေးတချို့က
အထူးအဆန်းလေး စမ်းသပ်ကြည့်ချင်ကြတာနဲ့ ကိုယ့်ချစ်သူများဆီ
“နင့်ကို ငါချစ်တယ်”ဆိုတဲ့ မက်ဆေ့ရေးပို့ကြဖို့ အကြံထုတ်တယ်။
ဦးဆောင်သူတွေအနည်းငယ်တော့ဖော်ပြပေးပါ့မယ်နော်...ဟီးးးးးးးးးးးး
သူတို့ကတော့..ညီလင်းနှိုင်..အဆွေးလူ....ခွန်ကြီး....ဆွာဘွတ်...
နောင်ရိုး..။  ပေါ်ဦးသား..လွမ်းမင်းသား...ကိုဒီရေလှိုင်း...
..နေလင်းဖြိုး..တောင်ပေါ်သား..ထက်ပိုင်....တို့ပါပဲဗျာ
သူတို့ရေးပို့ပြီးနောက် အသက်အရွယ်မတူတဲ့ မိန်းကလေးတွေဆီကရတဲ့
အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။
အသက်(၁၆)နှစ်အရွယ်မိန်းကလေးပြန်ပို့လိုက်တဲ့မက်ဆေ့ က..
ညနေအိမ်တစ်အိမ်သွားလည်ရအုံးမယ်ဆို..(.ဦး..ဟုတ်လားတဲ့ )

အသက်(18)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– နင့်ကိုလည်း ငါချစ်တယ်!
အသက်(၂၂)နှစ်အရွယ်မိန်းမပျိုပို့တဲ့မက်ဆေ့က..
.ဘယ်KTVဆိုင်ရောက်နေတာလည်းပြောပါအုံးကိုကိုတဲ့ 
အသက်(25)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– အစ်ကိုသောက်တာများသွားပြီထင်တယ်!
အသက်(၂၃)အရွယ်ပြန်ပို့တဲ့မက်ဆေ့က...ဒါဘယ်နှစ်ယောက်မြောက်ပို့တာလည်းတဲ့ 
အသက်(28)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– ရှင် နေကောင်းပါတယ်နော်!
အသက်(35)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– ရှင်ကြီး လူမှားပို့လိုက်တာလား!
ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!
အသက်(၃၇)အရွယ်ပြန်ပို့တဲ့မက်ဆေ့ကတော့ရှင့်ကိုခရီးတောင်မှပေးသွားလို့မရပါလားတဲ့ 
အသက်(45)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က—– အငြိမ်းစားယူပြီး
ရှင်အားယားနေလည်း တောင်သွားတက်ပါလား!တဲ့ ဗျာ....
အသက်(42)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။
“သား… သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ”
အသက်(51)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။
“အင်း… ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!”
သံသယမရှိ… အသက်အရွယ်မရွေး “I Love You”တယ်ဆိုတိုင်း ယုံနိုင်ကြပါစေ။
မှတ်ချက်..။။။စာဖတ်နေသူများခင်ဗျာ..အသက်ဘယ်လောက်ကို..
ဘယ်သူ့ ကောင်မလေးဖြစ်မယ်ဆိုတာတော့..မှန်းပြီးတွဲပေးခဲ့ကြပါနော်...
ပျော်စရာလေးကို.ဒီပုံစံလေးအသစ်ဖန်တီးလိုက်ပါတယ်ဗျာ...

စာရေးပြင်းတဲ့ နေလင်းဖြိုးနဲ့ ..
သူ့ ဆရာငွေကုန်မှာကြောက်တက်သူ(ပေါ်ဦးသား)အကြောင်းပေါ့ 
နေလင်းဖြိုးတစ်ယောက်..တစ်နေ့သောအခါ...
အနာဂတ်ကောင်းကင်စာသင်ကျောင်းတွင်အိမ်စာထက်ရသော့နေ့တစ်နေ့ဖြစ်သည်....
ကျောင်းအတွင်းကျောင်းသူကျောင်းသားအားလုံးစာအုပ်တွေကိုဆရာမက.
.ကြည့်ပြီးအမှတ်ပေးကာပြန်လည်ပေးအပ်လေ၏..
သို့သော်....နေလင်းဖြိုးစာအုပ်ကပေးမလာချေ...
ဆရာမ...။။။နေလင်းဖြိုး...
နေလင်းဖြိုး...။။။ဗျာဆ၇ာမ...
ဆရာမ...။။။အိမ်စာကိုဘယ်လိုရေးလာတာလည်းသား...စာလုံးတွေကအ၇င်ကအဲ့လောက်မမှားပါဘူး
နေလင်းဖြိုး...။။ဟုတ်ဆရာမ......
ဟိုလိုဒီလိုနဲ့ ဆ၇ာမကဘာတွေပြောလိုက်လည်းမသိပါဘူး...ကျောင်းဆင်းခဲ့လေတော့သည်...
လမ်းထိပ်ရောက်သောအခါ..သူငယ်ချင်းဖြစ်သူ(ပေါ်ဦးသား)ကလမ်းထိပ်တွင်စောင့်နေလေသည်..
နေလင်းဖြိုး..ညကငါကူးပေးလိုက်တဲ့စာတွေအခြေနေကောင်းတယ်မဟုတ်လားကွ...
နေလင်းဖြိုး..။။ကောင်းလားမကောင်းလားမသိဘူးကွာ...ခံဝန်လက်မှတ်တော့ထိုးခဲ့ရတယ်
နောက်ပြီးကူရေးပေးတဲ့သူတွေကိုတောင်နောက်တစ်ခါဆိုကျောင်းခေါ်ပြီးဒဏ်ငွေရိုက်မယ်တဲ့
ပေါ်ဦးသား။။။ငါအိမ်ကခိုင်းလိုက်တဲ့ကိစ္စရှိသေးလို့ကွာ..နောက်တော့တွေ့ကြတာပေါ့ နော်ကွတဲ့ 
 လှည့်မကြည့်ပဲလစ်ပါတော့သူကတော့.....ပေါ်ဦးသားပင်ဖြစ်တော့သည်..:P
..............................................................................................


အမေ့စကားနားထောင်တဲ့အဆွေးလူတစ်ယောက်လေ....
အဆွေးလူဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။
မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
အဆွေးလူကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ…သားအဆွေးလူ..မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
အဆွေးလူ....သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်….
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး …….
.သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ  နော်…တဲ့ လေ.....
............................................................................................................................................................

လွမ်းနောင်နှင့်မိုးစက်ပွင့်တို့ပြောတဲ့ထီးအကြောင်း
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
လွမ်းနောင်..။။“ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
မိုးစက်ပွင့် ..။။ ပြန်လှည့်ကြည့်ပြီး မေးသည်။
“ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
လွမ်းနောင်..။။“ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
မိုးစက်ပွင့်..။။လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
လွမ်းနောင်..။။“အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´တဲ့ လေ.....
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကောင်းကင်အတွင်းကောင်ကင်သူတစ်ဦးနှင့်ရိုးအတဲ့ကောင်းကင်သား
(ဖိုးပြည့်)နှုတ်မှထွက်ကျလာသောနှလုံးခုံသံတစ်ချို့ 
ဖိုးပြည့်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား
 ကောင်းကင်သူ..။။ဟင့်အင်း… ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော
ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
ဖိုးပြည့်........။ ဟင့်အင်း… ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။
ဘယ်သူဆိုတာတော့မသိပါ..အဲ့နေ့ ညက..ကောင်းကင်အတွင်းမီးပျက်နေလို့ 
မမြင်လိုက်ရလို့ပါ.နော်ဂျ.....ဟိဟိခွိခွိ....
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကောင်းကင်အတွင်းမှာဘယ်သူမှမသိလောက်ဘူးထင်ပြီးအလွမ်းတွေသီနေတဲ့
ကောင်းကင်သားကိုညီလင်းနှိုင်၏အလွမ်းသ၀ဏ်လွှာ
ညီလင်းနှိုင်ပေါ့ ဗျာ...ကောင်းကင်စကားဝိုင်းမှာလေ....ဘယ်သူမှမသိဘူးထင်ပြီး
သူ့ကောင်မလေးကိုစာတစ်စောင်အလွမ်းတွေသီပြီးရေးပို့ လိုက်လို့ 
သူ့ကောင်မလေးပြန်ပေးလိုက်တဲ့ ရည်းစားစာလေးကိုခိုးဖတ်နေတာ.
.ကျွန်တော်ကမသိမသာလေးခိုးဖတ်လိုက်တော့ ကား...
ဒါကညီလင်းနှိုင်ပို့တဲ့ စာပေါ့ 
သို့........
အချစ်လေးရေ..မောင်ရဲ့ ရင်ခုန်သံတွေကတော့.
.မစိုင်းပဲပြေးကောင်းတဲ့ မြင်းထက်သာနေပါတယ်..
ချစ်လေးမွေးနေ့အတွက်
ကိုယ်ဒီလ အသုံးများသွားလို့ လက်ဆောင်မပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး..ကောင်းကင်မကကျယ်ပြန့်လွန်းလှတဲ့ 
မင်းရဲ့
ကိုကို..ညီလင်းနှိုင်တဲ့ 
....................................................................................................
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့ကောင်မလေး ဆီက စာပြန်လာပါတယ်

သို့
ကိုကိုရေ....
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီနှစ် ရလိုက်တဲ့ လက်ဆောင် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို  နွားနို့လက်ဆောင် အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာမီတာကလက်ဖွဲ့ လို့  အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ(၆လစာ) မယူ ပဲ လက်ဖွဲ့ လို
့တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ အိမ်ခေါ်ပြီးထမင်းတောင်ကျွေးလိုက်ရတယ်....
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။....တဲ့ 
ကျန်တာကိုညီလင်းနှိုင်ကိုလမ်းကြုံမှမေးပါနော်..ဒီလအတွက်ကိုလေ.....:P
ဒါက..အနာဂတ်ကောင်းကင်လေးထဲသို့ပြုပ်ကျသွားသောဟာသတိုထွာလေးများ(၄)
ထဲကပါဗျာ..
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
အမေ့သားနေလင်းဖြိုးပြောပြမဲ့ အလုပ်တစ်ခုအင်တာဗျူးတစ်ခု၌

မေးသူ  -     မင်းအမေ အိမ်ထောင် မပြုခင်က ဘာလုပ်သလဲ၊
အမေ့သား -      သူအိမ်ထောင်မပြုခင်ကျွန်တော့်မှာ အမေမှမရှိဘဲ။....
မေးသူ..တိန်..:P
.......................................................

အနာဂတ်ကောင်းကင်(၆)လပြည့်အမှတ်တရ

အဖြစ်အမေ့သား၏ဟာသပြခန်း....ဆီမှပြန်လည်ဖော်ပြပါသည်

ငါ့ညီ.ရေ..အမြည်းနော်....ပြောလာတဲ့ အနာဂတ်ကောင်းကင်အတွင်းက
ကိုညီလင်းနှိုင်နှင့် အဆွေးလူတို့ နှစ်ယောက် 

တစ်ခါက အနာဂတ်ရွာကိုလည်လာတဲ့ ညီငယ်ကိုအကြီးဖြစ်သူက ပြောတယ်။
ကိုညီလင်းနှိင် ။ ။ ‘ ငါ့မြေးလာကွာ ထန်းရည်သွားသောက်ရအောင်’
အဆွေးလူ ။ ။ ‘ ကျွန်တော် ထန်းရည်မသောက်တတ်ဘူး’
ကိုညီလင်းနှိင် ။ ။‘ ဒါဆိုလည်း အမြည်းလိုက်စားပေါ့။’်
ထန်းတောတွင် ကိုညီလင်းနှိင်..က ထန်းရည် တစ်မြူနှင့်ဆတ်သားခြောက် တစ်ပွဲ မှာလိုက်သည်။
ထန်းရည်နှစ်ခွက်လောက်အကုန်တွင် အမြည်းစားရန် ကြည့်လိုက်ရာ
အမြည်းကုန်နေသည်ကိုတွေ့ရသည်။
ကိုညီလင်းနှိင် ။ ငါ့ညီ အမြည်းနော်။’
အဆွေးလူ ။ ။ ‘စားပါတယ် အစ်ကိုရ...
ဆတ်သားခြောက် နောက်တစ်ပွဲ မှာလိုက်သည်။
ထန်းရည်နည်းနည်းသောက်ပြီး အမြည်းစားရန် ကြည့်လိုက်ရာ
အမြည်းထပ်ကုန်နေသည်ကိုတွေ့ရသည်။
ကိုညီလင်းနှိင်..။။..က
‘ငါ့ညီ.. အမြည်းနော်။’
အဆွေးလူ..။‘စားပါတယ် ကိုစောင်းရ။’
သုံးလေးခါလောက် ဒီအတိုင်းဆက်ဖြစ်နေတော့ ကိုညီလင်းနှိင်..က..ဆက် သည်းခံနိုင်စွမ်းမရှိတော့ဘဲ
‘ဟေ့ကောင် . . . မင်းကို အမြည်းလို့ပြောနေတာ က ငါ သတိပေးနေတာ ထန်းရည်သာကုန်သွားတယ်
အခုထိ ငါတစ်ဖတ်မှ မစားရသေးဘူးကွ။’
ဆိုပြီး နားရင်းထအုပ်လေတော့သည်။...:p:p:p..
(အလုပ် ပင်ပန်း စိတ်ပင်ပန်း ကျောင်းစာတွေ မနိုင်ဖြစ်နေတဲ့ ချစ်ခင်ရတဲ့
သူငယ်ချင်းတွေကို အတွေးများနဲ့ လေးပင်နေစေခဲ့တဲ့အတွက်
် ဆောရီးနော်။ ဒီတခါတော့ တခါတလေလည်း ရယ်ရယ်မောမော
ပေါ့ပေါ့ပါးပါး ဖြစ်အောင်ဒီဟာသလေးတွေပြန်လည်တင်ပြပေးလိုက်ပါတယ်ဗျာ
ရေးပြီးသားတွေကိုပြန်လည်ပြင်ဆင်ပြီးတင်ပြပေးထားပါတယ်
အားပါးတရရယ်မောကြရင်းဒီကမ်းခြေလေးမှာအပန်းဖြေနှိုင်ကြပါစေဗျာ
ခင်မင်လေးစားစွာဖြင့်နေလင်းဖြိုး)


 

 

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 