ဖတ်ချင်တာဒီကအလွယ်ရှာပါ

Wednesday, September 26, 2012

အလွမ်းကဗျာများ,

ဥပက္ခာကြောင့်ရတဲ့အလွမ်း

ကယ်..ကောင်မလေးရေ..ညကို..ညလို့ ပဲခေါ်ပါတယ်
နံဘေးကလူတွေရဲ့ ...မျက်လုံးအဖွင့်အပိတ်တိုင်းမှာ
ငါလည်းပဲ..ရှုံးလိုက်..နိုင်လိုက်...လဲလိုက်...ပြန်ထလိုက်
ဒါပေမဲ့..ငါမြင်တယ်..အခုအချိန်အထိပါ............
မင်းစိတ်နုနုနဲ့တော့...ပြန်ထနိုင်လိမ့်မည်မဟုတ်သေး
ထင်တိုင်းကျဲနေတဲ့..အာငွေ့ တွေကြားမှာ
သင်ယူမှု့ တွေ..ရှာဖွေနေတာပဲကောင်းပါတယ်..။။
မြူတွေဖြာတာငေးပြီးမှဆောင်းအရှေ့ မှာဒူးမထောက်ချင်ဘူး
ဖုံးကွယ်မှု့ တွေကြားမှာကြီးပြင်လာတဲ့ သူတစ်ယောက်လို
ငါ့မာနကိုဖျော်ဖြေရေးဖန်တီးခိုင်းသွားတဲ့ ကောင်မလေးရေ
မင်းဘက်ကတွေးရင်လည်း...မမှားခဲ့ပေမဲ့...ငါရှုံးခဲ့ပါတယ်.။။
တစ်ကယ်တော့.....ကောင်မလေးရေ
ဘယ်တုန်းကမှ...ငါမထင်ထားတဲ့ ..ပေးဆပ်မှု့ မျိုးကိုမှ
ပူအိုက်စွတ်စိုတဲ့ ...ဒီစာလုံးလေးတွေကြားမှာ
စိတ်ရဲ့စေစားရာကို.....တစ်စခြင်း ရစ်ထုံးကြည့်လိုက်တော့
ငါ့အလွမ်းကို.....ခပ်သောက်ပြခဲ့မိတော့တယ်..။။
                     ♥♥♥♥♥ နေလင်းဖြိုး♥♥♥♥♥

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 