ဖတ်ချင်တာဒီကအလွယ်ရှာပါ

Tuesday, September 25, 2012

လူတွေကြားကကဗျာများ

(လူသုံးကုန်အချစ်မို့ ပါ)



အနာဂတ်မျက်လုံးတစ်စုံနဲ့ တော့

ထက်မြက်သူကိုလက်ဆွဲနှုတ်မဆက်ရဲပါဘူး...

မျက်ရည်စများနဲ့ ..ငါ့ ရဲ့ငိုသံကိုတော့ 


မည်သူမှကြိုမြင်နှိုင်လိမ့်မည်မဟုတ်....

ထို့ ကြောင့် .............

ပန်းတစ်ပွင့်ရဲ့ ..မြူဆွယ်သံအောက်မှ....ငါ

မရိုမသေ...လမ်းခွဲထွက်ခဲ့လိုက်တော့တယ်..။

ဒါပေမဲ့ ...ကောင်မလေးရေ

ဘယ်သူ့ ဆီကမှ

အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး....

အဲ့သလိုပါပဲ........

ဘယ်သူဆီကမှ

ချစ်တက်အောင်..ငါမခိုးချခဲ့ပါဘူး...

ဒါကြောင့်...

ဘယ်သူ့ဆီကမှခွင့်မတောင်းပဲ

မာယာများတဲ့မင်းကို...မုန်းပြစ်ခဲ့တာ..။။

m.s.naylinphyo



No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 