ကဗျာခရီးသမား
ဘာပွဲမှမဟုတ်
စာလုံးလေးတွေ
ကောက်တွေ့ မိတိုင်း
ရင်ဘက်ကိုဖွင့်
ခေါင်းစဉ်တွေးတယ်..။
နှလုံးသားကို
အခါခါမြို
အကြိမ်ကြိမ်နင်း
ဒဏ်ရာတွေပြင်း
ကာရံတွေသီ
တစ်ဖွဲဖွဲရွာ
ကဗျာတစ်ကြောင်း
ချရေးချင်တယ်..။။
ဒါပေမဲ့ ......
မိုးအမှောင်ထက်
နန်းတစ်ဆောင်မှာ
ကွဲရောင်ရှတ
နာကြင်နေလား
မေးသူရှိတိုင်း
ကဗျာတစ်ပိုဒ်
ရေးချင်လိုက်တာ..။။
မြဲသောအတ္တ
လွဲမသွားအောင်
တွဲသွားမဲ့သူ
ထွက်ခွါပြေးလည်း
ကဗျာမြေပေါ်
အဖော်မလို
လျှောက်နေမိမယ်..။။
သို့သော်......
မနက်စောစော
လမ်းထွက်လျှောက်ဖို့ 
ကဗျာတစ်ရံ
ဘယ်ဆီနေလဲ
ကဗျာနွေးထည်
ဘယ်မှာရှိလဲ
ကဗျာချစ်သူ
ဘယ်ကမ္ဘာမှာ
ငေးနေမလဲ
ဘာပဲဖြစ်ဖြစ်
စာလုံးတွေသီ
ကဗျာတစ်ပုဒ်
ရေးဖွဲချင်တယ်..။။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး