စိတ္တဇအိမ်မက်မက်သောည
မျက်ဝန်းတွေက၀ိုင်းအုံ
ငါဆီသို့ဖြာဝေကျ
ငါကသစ်တစ်ပင်ပါ
အရိုးတန်လေးတွေက
ပန်းပွင့်ရုံလောက်အားနှင့် 
ခေတ္တနားခိုရာလောက်သာ
ခံနှိုင်ရည်ကအလင်းဖျော့
ဆည်းဆာချိန်ကိုငေးလို့ 
ငါကတစ်တစ်ပင်ပါလေ..။။
ငါကကြယ်တစ်လုံးပါ
တိမ်အုပ်ကိုအမှီမပြုပေမဲ့ 
ငါ့ခြေထောက်ကိုငါထန်း
ငါမြို့ရိုးဆီငါလှမ်းခဲ့ပေမဲ့ 
မြေခွေးတစ်ကောင်အမြင်မှာ
ငါကဟောင်စရာဖြစ်တုန်းလား
ငါကကြယ်တစ်လုံးပါပဲလေ..။။
ငါကအရိုသေပေးသူတစ်ယောက်ပါ
ဇတ်ညွှန်းဘယ်နေရာမှားခဲ့ပါလိမ့်
ကြိမ်းမောင်းသံရဲ့အောက်မှာတော့ 
အမှန်၏အမှားကိုလက္ခံပေးလိုက်ရတယ်
အမှောင်လမ်းကျွမ်းလှသူတွေကပြုံးလို့ 
ငါကအရိုသေပေးသူတစ်ယောက်ပါပဲလေ..။။
ငါကလောကခရီးသည်တစ်ယောက်ပါ
ဇောက်ထိုးကျနေတဲ့အမှောင်ကိုမကိုင်မိပေမဲ့ 
ဆူးနွယ်လိုရစ်ပက်တက်လာတဲ့မောဟတွေ
လွင့်ပျံလာသောရနံ့ တွေမှာဘာအဆင်းမှမပါ
ငေးမောရာမြေပြင်မှာနွံနှင့်မြေကပကတိအတိုင်း
ဒါပေမဲ့ 
ဂူသစ်လေး၏အရှေ့မှာပန်းစည်းလေးကနွမ်းလို့ 
သြော်
သူလည်း..အလည်လာသူတစ်ယောက်ပါ
မိုးစက်သံကြားမှငေးမိတယ်
မိုးချိန်းသံကကမ္ဘာကိုတောင်ခြောက်လှန့် လို့
သို့ သော်
ငါ၏ချစ်ခြင်းသည်မှေးမှိန်ပျောက်ကွယ်မသွားချေ
ငါက...လောကခရီးသည်တစ်ယောက်ပါပဲလေ..။။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး