ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, July 5, 2012

မျှော်ငေးနေသူရဲ့ ရင်ခုန်သံပါးပါးလေး

နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မှာပါ
ိုပြောမပြနိုင်တဲ့အဖြစ်က
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်...။
နင်မကြားနှိုင်ပေမဲ့ 
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်..။။
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာတိုင်း
နင်ကိုခံစားတယ်...။
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်..။။
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်
မျှော်ငေးနေသူရဲ့ 
တစ်ကိုယ်စာရင်ခုန်သံပေါ့ ..။။
                နေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 