ငါ...ငို၇တော့မလား.....
နေ၀င်တာကိုငေးနေရင်း..ဟုတ်ကဲ့ နေရတဲ့မနက်ခင်းတွေ
ရေတက်တာကိုကြားမှချောင်းထဲကနေဘယ်လိုပြန်တက်ရမလဲ
တောဆိုတာသိပေမဲ့ ဒီလောက်မာယာများမယ်လို့မထင်ခဲ့မိဘူး
ငါကရိုးသားသွားခဲ့တာလား..ကြမ်းပြင်ကိုကဘ၀ဖြစ်ခဲ့တာလား
သေခြာပါတယ်....သူလှည့်ထွက်သွားတာပြန်လှည့်မကြည့်ခဲ့ပါဘူး..။။
ဒီညတော့...နင်ပျော်ပါစေ...
ငါငိုရတော့မှာလား.....
ဟွန်းသံကင်းမဲ့ ဇုန်တဲ့..အိပ်ယာနှိုးစေခဲ့တယ်...ဘယ်သူမှမသိလိုက်ဘူး
ရေမရှိတဲ့ဒေသတဲ့..ငါ့ချွေးစက်တွေတောင်မထွက်ရဲလောက်အောင်ပါပဲ
ဘယ်သူမှမသိလိုက်တဲ့အချိန်မှာငါအိပ်ယာဝင်ခဲ့ပေမဲ့ 
ငါမျက်ဝန်းရှေ့ ကနာ၇ီလေးလည်းဓာတ်ခဲကုန်နေတာကြာပြီ
ဘယ်ကောင်မလေးလည်း..ငါ့နှလုံးသားကိုနင်းခြေလျှောက်သွားတာ..။။
ဒီညတော့...နင်ပျော်ပါစေ...
ငါ..မငိုတက်ပေမဲ့ .....
ပဲပြုတ်သံကမနက်ဖြစ်စေတာလား..ကြက်တွန်သံက(၄)နာရီဖြစ်စေတာလား
ကော်ဖီတစ်ငုံစာလည်းအေးခဲ့ တယ်...အလွမ်းသီချင်းလေးလည်းကြားခဲ့တယ်
အရိပ်မိုးပေးခဲ့တာလား....အကိုင်းလှုပ်မိခဲ့တာလား...ဘ၀ထဲမှာငွေကနေရာယူခဲ့ပြီ..။။
သြော်...ငါ့ချစ်ခြင်းသီအိုရီတစ်ခုလား.....
ချစ်တယ်ပြန်ပြောတာနားထောင်မဲ့သူက...အခန်းအပြင်ထွက်...အလှချယ်နေပြီ
မြင်းတစ်ကောင်နှယ်ဒုန်းစိုင်းနေတဲ့ငါ့ရည်ရွယ်ချက်ခွါသံပြင်းပြင်းတွေကြားမှာနေရင်း
ကြမ်းပြင်နဲ့ နံရံကိုကြောပေး.....စကားတစ်ခွန်းအတွက်တစ်နှစ်အချိန်ယူခဲ့သူကို့မေ့
စက္ကူထပ်အုပ်တွေကိုင်...ရေတွက်ရင်း..မီးရောင်အောက်မှာနင်ပျော်ပြီးပါစေတော့လေ
အခုတော့....:-O
ဘယ်တော့မှလည်းလက်ဆွဲမနှုတ်ဆက်ကြတော့ဘူး...
အခုတော့....:-O
ဘယ်အတ္တတွေကမှလည်းဧည့်မကြိုကြတော့ဘူုး...
ဒါပေမဲ့ ...အခုတော့..ဒီအချိန်....ငါပျော်နေပါတယ်
နင်မုန်းသွားခဲ့လို့လား...နင်ပြစ်သွားခဲ့လိုလား
ငါ့ အိပ်ယာလေးပေါ်မှာ...အခန်းအောင်းငါဆိုတဲ့ငါ
ဒီကဗျာကိုရေးရင်း..ငိုနေမိသွားတယ်
ဘာပဲဖြစ်ဖြစ်....ဟိုမိန့် ခွန်းသံနားထောင်..
ဘာပဲဖြစ်ဖြစ်...ဟိုအတင်းသံတွေနားဆင်..
ဘာပဲဖြစ်ဖြစ်...ချစ်သူခြေသံကိုမျှော်ကာမျှော်
ဘာပဲဖြစ်ဖြစ်... အတွေးကိုစုစည်း...ချစ်သူအိမ်ပြန်ကိုငေး
ဘာလိုလိုနှင့်သာ...ဖွဖွသိပ်ခြေတစ်စုံကတော့နေ၀င်ခဲ့ပြီတဲ့ 
အသံဆူးဆူးတွေနောက်လိုက်ရမလား
ဒီအုတ်ဂူနားမှာပဲငိုနေရတော့မလား
လက်ထဲကပန်းစည်းကတော့ငြိုးနေပြီလေ
အခန်းအတွင်းမီးပျက်လို့လား...မှောင်နေလို့လား
ဆူညံသံတွေကြားမှာ...အကယ်ဒမီရုပ်ကိုကိုင်
ရင်တွင်းပီတိကတော့...အကယ်ဒမီရှင်ဆီမှာ
ကောင်းကင်ကိုမော်ကြည့်ရမလား...တိမ်တိုက်ကိုမမြင်ရတော့ဘူး
မီးအိမ်ကိုညှိထွန်းရမလား..လပြည့်ညရဲ့လမိုက်ညကတော့သာကကင်းလို့ ...။။
ဒဏ်ရာသာပင်လယ်ဖြစ်စေ...ဂယက်ကိုမှီတွယ်ရင်း
ချစ်သူခေါင်းမှာ...နာကြင်မှု့ ကိုပန်းသဖွယ်သီကုံးကာ
ငါ့အလွမ်း.....ငါ့ခံစားမှု့ ထက်..ချစ်သူကိုနေသာစေချင်သူ
ဒီအလွမ်းတွေ...ဧကန်ဆုတောင်းပြည့်စေတော့လေ
ပွဲစားလောကအလည်မှာမျက်စိမှောက်ချစ်သူ
ထာဝရနေပျော်ပါစေတော့လေ...ကမ္ဘာသစ်လေးထဲလေ...။။။။။။
(အလွမ်းတွေသီ...မျက်ဝန်းစို့စို့အတွင်း:'
ဒီညတော့...နင်ပျော်ပါစေ...ဆုတောင်းသံနှင့်အတူ
ဒီကဗျာကိုရေးခဲ့မိခဲ့ပြီဆိုတဲ့
အလွမ်းဆွေးတွေကြားကနေလင်းဖြိုး....)(25.3.2012...ည..7နာရီ..35မိနစ်)
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး