ဆရာတွေပေါတဲ့မနက်ခင်း
ဘယ်သူ့ မှမလာတဲ့...ဒီတောမှာ..
ထွက်ကျလာတဲ့ အဓိပ္ပာယ်တွေက
တစ်ခုနဲ့တစ်ခု ဆင်တူရိုးမှားတွေပဲ
အဆင်း အသံ အနံ့ အရသာ အတွေ့ အထိ
မမေးပါနဲ့ မတွေးပါနဲ့လား.....ဒါတွေကအထာတွေပါ
အနာတွေပေါ...နိုးတဲ့အခါကတော့ မနက်ပိုင်းလေးပါပဲ..။။
ဖြူဆွတ်နေတဲ့ စိတ်ထားကို ငါဝတ်ဆင်ဖူးပါရဲ့
အဆုပ်လိုက် အခဲလိုက်ပွင့်နေတဲ့ တိမ်ဖြူတွေကြား
မာယာတွေငုံလာတဲ့ ..ကောင်မလေးရေ
လူအတွေနှင့်အတူ...မည်းမှောင်နက်ပိန်းခဲ့ရပြီ..
ပြောင်းရင့်ဝါတာတာတွေ့ရဲ့ ရောင်ပြန်ဟာ
ငါ့ဘ၀ကြေးမှုံကိုငါပြန်ငေးမိလိုက်တော့
အလိုလိုဆက်သွားနေတဲ့ သစ္စာတရားတွေ
အလိုလိုဆက်သွားနေတဲ့ မာယာတွေ
အလိုလိုဆက်သွားနေတဲ့ အမုန်းတရားတွေ
နောက်ပြီး...ကိုယ်ကျင့်တရားရယ် ထည့်ပြီး
ငါတို့ဘ၀တွေကို ဗလာမဟုတ်မှန်းသိရန်အတွက်
အငွေ့ပျံပြီးရင်း ပေါ့ပါးစွာ..ငါရှာလိုက်တော့
လူတွေအားလုံးက..လူတွေကို...စ...လိမ်နေကြပြီ..။။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး