ဖတ်ချင်တာဒီကအလွယ်ရှာပါ

Tuesday, July 24, 2012

(ဒီဇင်ဘာမွေးနေ့သ၀ဏ်လွှာ)

6, 2012မှာမွေးတဲ့ ................



ထင်မထားမိတဲ့ အချိန်လေးကြားမြူမှုံတွေကြားမှာကွယ်
ရင်တွင်းဆန္ဒ၊ မပြည့်ဝသေး
လူရေစီးက၊ သွန်ကျနေ့စဉ်
နားယုံရခက်၊ ဘ၀တစ်မျက်နှာ
ရောက်ခဲ့ပြီလေ..ဆိုဝ်ခေါင်ဆိုတဲ့ 
အလင်းတိုက်ရဲ့ .......မွေးနေ့မင်္ဂလာ..။။

ပွေ့ပိုက်ဖေးကူ၊ ပညာနန်းတော်မှူး
လူမှုဖွံ့ဖြိုး၊ အားမာန်တိုးတက်
ငါတို့ လက်တွေ၊ နှစ်ရှည်ရာစု
စုစည်းခိုင်ကျည်နိုင်စေအံ့
နှလုံးအိမ်ဝယ်တောင်းဆိုပါတယ်
နှောင်နှစ်ပေါင်းများစွာမက
ရှင်သန်မှု့ ကောင်းသောဘ၀နှင့် 
မနက်ဖြန်ပေါင်းများစွာအတွင်းမှာ
အဖြူရောင်အလင်းလေးတစ်စက်
သက်တော်ရာကျော်ရှည်ပါစေသား
အလင်းစက်တွေဒီထက်မကသာပဲ
ဆက်လက်ထုဆစ်နှိုင်ပါစေတော့ 
ဆက်လက်ထုဆစ်နှိုင်ပါစေသားလေ..။

ခင်မင်လေးစားစွာဖြင့် အမေ့သားနေလင်းဖြိုး



No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 