ဖတ်ချင်တာဒီကအလွယ်ရှာပါ

Tuesday, July 24, 2012

(မွေးနေ့ ကိတ်ဘေးကညနတ်သမီး)

 23, 2012နေ့ကမွေးနေ့ရှင်လေး
 Friends18.com Orkut Scraps
ညီမလေး..သီရိ...ရေကြည့်ပါဦးလား...ထင်းရူးပင်ကြီးက
ရှည်လျားချွန်မြတဲ့ သစ်ရွက်တွေ ကွေးကုပ်
မနေ့ကပြတင်းတံခါးကို လေနဲ့ တိုက်...ပခုံးပုတ်နေပေမဲ့ 
ဒီဆောင်းရဲ့အလယ်ကမွေးနေ့ပွဲလေးအေးမြစေဖို့ 
နှင်းစက်သံတစ်ဖွဲဖွဲကြားမှာဒီကဗျာကိုစရေးခဲ့မိတယ်..။။


သီရိဆိုတဲ့သူငယ်ချင်းရေ...
အချိန်တစ်ခုကြားမှာရောက်လာပြန်တဲ့ 
ဒီဇင်ဘာလနတ်သမီးရဲ့မွေးနေ့ဟာ
ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိတာထက်
ပြောမပြနှိုင်အောင် ကြီးကျယ်နေစေရမယ်...
ကောင်းကင်သူလေး...သီရိ..မွေးနေ့ကတော့
သူ့အလင်းလဲ့မှုန်တွေက..ကောင်းကင်ရင်ခွင်
ပင်လယ်သားပေါက်ကလေးရဲ့ ဖွင့်ပွဲကို
မွေးနေ့ ဆုတောင်းသံအများနှင့် ..ပြည့်စုံပါစေတော့ကွယ်..။။

ပြက္ခဒိန်ထဲက နေ့ရက်တွေကို အလျားလိုက် ဟန့်တား
စမ်းရေပေါ်မှာတင်ပြီး စက္ကူလှေတို့ကိုကြိုးဖြည်
နေ့စဉ်ရက်ဆက် ထက်မက..အောင်မြင်မှု့တစ်ပွေ့တစ်ပိုက်
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာတော့ 
ကောင်းကင်ညီမလေးသိရိ၏မွေးနေ့မင်္ဂလာပွဲလေး
ကောင်းကင်မောင်နှမများ၏ဆုတောင်းသအောက်လွင့်မျှောလှပနေပါစေတော့လေ..။။

ထိုသောညမှာ နှင်းပြာအုပ်မိုးထားတဲ့ကောင်းကင်အောက်
အိမ်မက်ခိုးမျှင် သခင်မလေး..သီရိတစ်ယောက်
ကြယ်ခက်ညတွေ ပန်ရင်းကြွေသက်..ပြုံးရယ်နှိုင်လို့ 
ရွှင်ပြုံးမျက်ရည်ဝိုးဝင်း အိမ်မက်လင်းပြာစွာနှင့် သာ
မနက်ဖြန်ရဲ့အနာဂတ်ကြမ်းပြင်ပေါ်...အောင်မြင်မှုများစွာဖြင့်
ခေါင်းဖော်...ခြေလှမ်း...အောင်မြင်မှု့ များထမ်းဆောင်နှိုင်ပါစေတော့လေ..။။

(ခင်မင်များစွာဖြင့် နေလင်းဖြိုး)

Friends18.com Orkut Scraps

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 