နေလည်းဝင်သွားတယ်...ငါလည်းနေခဲ့တယ်
လေလည်းကြမ်းခဲ့တယ်..ငါလည်းခံခဲ့တယ်
ဆူးလမ်းလည်းသိတယ်..ဒါပေမဲ့နင်းလိုက်တော့တယ်....။။
မိုးချူပ်တာလား..နေ၀င်တာလားမေးနေတဲ့ကလေးငယ်
ပုဆိုးအဖာလေးတွေနဲ့ အထုပ်ပိုးထန်းနေတဲ့အိမ်စောင့်နတ်
အသွားပြန်မျဉ်းကိုငါလိုက်ဖမ်းနေပေမဲ့ ..လေနှင်ရာလွှင့်ရတဲ့ငါ
ဈေးတန်းမှာချိတ်ဆွဲထားတဲ့ချစ်ခြင်းရဲ့သီအိုရီတွေကိုရှာနေရင်း
အိမ်ပြန်နောက်ကျလို့ ထမင်းငတ်ခဲ့တဲ့ညပေါင်းများစွာကပြုံးလို့ 
ခြေသံမကြားရပေမဲ့ ဓားနောက်ကြောထားပြီးနှုတ်ဆက်သူတွေ
မျက်လုံးပေါ်မှာလေးနေပြီ...လိမ်ပြီးတောင်းစားနေတဲ့ပွဲစားတွေ
လောဘတွေကငါ့အပေါ်ကိုနင်းကောင်းနေတုန်းဆင်းပါတော့ကွာ
ဘာလိုလိုတွေကတစ်ခါတစ်လေအောင်မြင်မှု့တွေဖြစ်လာတက်ပေမဲ့ 
ငါကြိုးခဲ့တဲ့ဇွဲတွေကတော့လား....ရေငုတ်ကောင်းနေတုန်းပေါ်မလာသေးဘူး
ဘာပဲဖြစ်ဖြစ်မနက်ဖြန်ရဲ့ကြားလိမ်လည်နေသူတွေကိုတော့ရှောင်ရအုံးမယ်....။။
...... နေလင်းဖြိုး.....
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး