ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, July 5, 2012

လွမ်းဆွတ်ခြင်းမှတ်တိုင်001

ဒီလိုဟောင်းလောင်းပွင့်နေတဲ့ ညမှာ
အိမ်မက်ဂိတ်ဝ(25)မှာအဖေကပြုံးနေတယ်
လပြည့်ဝန်းကတော့ငါ့ရင်ကိုဇုန်ကန်နေလိုက်တာ
ဲကြယ်တွေဘယ်ပုံဝေေ၀
တိမ်တွေဘယ်ပုံစွေစွေ
ကမ်းတွေဘယ်ပုံပြိုပြို
ပန်းတွေဘယ်ပုံမြေပေါ်ခ
ငါ့ရင်လောက်မပူလောင်နေပါဘူး..
ဘာပဲဖြစ်ဖြစ်ဆိုပြီးအမှောင်ထုကိုကိုင်ဆုပ်
လမင်းနှင့်စီးချဉ်းထိုးကြည့်သောအခါ
အဖေကတစ်ကမ္ဘာ..ငါက..တစ်ကမ္ဘာ...။။
 အဲ့သလိုနဲ့ ပဲ...နွေဦးကိုပြန်လှုပ်နှိုးကြည့်တော့
ထာဝရနွေးထွေးဆဲအမေ့ရဲ့ မေတ္တာကိုမြင်ယောင်လာတယ်
ဒဏ်ရာတွေဘယ်ပုံကြင်ထုံနာခဲ့ပါစေ
တေးဆိုခဲ့တဲ့ မိခင်ရဲ့နှုတ်ခမ်းက..ဘ၀ကိုရဲရင့်စေခဲ့တယ်.
ပုခက်လွှဲသောလက်တွေကြောင့်..မောဟကမ္ဘာကြားလူဖြစ်ခဲ့ပြီ
ဘာပဲဖြစ်ဖြစ်ပါ...ဒဏ်ရာတွေနဲ့ညခင်းတွေကြားကသက္ကရာဇ်များ
အမေအရိပ်ခိုလုံတာနှင့်အလုံးစုံကင်းဝေးနေလိုက်တာအမေရယ်
ဒီကာရံကိုရလာဖို့ရန်မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်းရင်းရေးခဲ့မိပြန်တယ်
ခရီးသွားနေသောအမေတစ်ယောက်ဘေးရန်ကင်းဝေးပါစေလေ....
ချစ်သား၏အလွမ်းကိုကောင်းကင်ပေါ်ကိုတင်မိလိုက်သောအခါ
တိမ်တွေကဘာနဲ့မှမငြိကြပဲလွတ်လပ်စွာဖြတ်သန်းနေဆဲမှာပဲ
ငါ့အိမ်မက်ဂိတ်ဝ(၂၅)ကိုကျော်ခဲ့ချေပြီလေ...။။
                            အလွမ်းများဖြင့် 
                                             အမေ့သားနေလင်းဖြိုး..အလွမ်းသီအိုရီ(001)

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 