ဘဲတစ်ကောင်ကို....နွေအခါမှာမွေးမိတာက...ငါပါ
လေပင့်ရာခက်နေတဲ့ရေပြင်မှာ..ဗေဒါကနဲလို့ 
ဝမ်းစာငတ်တဲ့သားကောင်က....တစ်ကြော်ကြော်အော်
ရေမှော်ကရွေ့ ....ငါ့နံဘေး...စိမ်းလို့ကိုစိုလို့ ....
နေ၀င်နေထွက်နဲ့ ...စာမျက်နှာများကြားပြုစုခဲ့ လိုက်ရတာ
ချောင်းအသွင်...ရေအိုင်ကြားက..ဘဲကလေးထွက်လာ
ပျော်နေလိုက်တာ..ငါမှာတော့ငေး..
ဖမ်းမယ်တွေး..ငါ့နံဘေး..သူဖြတ်ပြေး
အစာအ၀လွန်နေပြီ...ပိုင်ရှင်အသစ်နဲ့ လေ..။။
နေလင်းဖြိုး
ကဗျာလှလှလေးကို ခံစားခဲ့တယ် ညီ ။
ReplyDeleteဆက်လက်ထုဆစ်နိုင်ပါစေ ။
ကျေးဇူးတင်ပါတယ်ကိုညီရေ
ReplyDelete