ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, October 18, 2012

အလွမ်းကဗျာများ,

ဘဲတစ်ကောင်ကို....နွေအခါမှာမွေးမိတာက...ငါပါ
လေပင့်ရာခက်နေတဲ့ရေပြင်မှာ..ဗေဒါကနဲလို့ 
ဝမ်းစာငတ်တဲ့သားကောင်က....တစ်ကြော်ကြော်အော်
ရေမှော်ကရွေ့ ....ငါ့နံဘေး...စိမ်းလို့ကိုစိုလို့ ....

ဘဲတစ်ကောင်နဲ့ ငါ့ဘ၀....အချိန်ကငေးလို့ပြုံးပျော်
နေ၀င်နေထွက်နဲ့ ...စာမျက်နှာများကြားပြုစုခဲ့ လိုက်ရတာ
ချောင်းအသွင်...ရေအိုင်ကြားက..ဘဲကလေးထွက်လာ
ပျော်နေလိုက်တာ..ငါမှာတော့ငေး..
ဖမ်းမယ်တွေး..ငါ့နံဘေး..သူဖြတ်ပြေး
အစာအ၀လွန်နေပြီ...ပိုင်ရှင်အသစ်နဲ့ လေ..။။
နေလင်းဖြိုး

2 comments:

  1. ကဗျာလှလှလေးကို ခံစားခဲ့တယ် ညီ ။

    ဆက်လက်ထုဆစ်နိုင်ပါစေ ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ကိုညီရေ

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 