တစ်ခါတုန်းက ဒီကမ်းပါးပေါ်မှာ အနာဂတ်အိမ်လေးတစ်လုံးရယ် ၊
ကောင်းကင်သူ၊ကောင်းကင်သားမျာရယ် ၊ ကိုကြီးဆိုသူရယ်
ပျော်စရာအကောင်းဆုံးနေ့တွေကို အတူတတကွ ( တကယ့်ကို )
ဖြတ်သန်းခဲ့ကြဖူးတယ်။
(၁)
လရောင်တွေပြာလဲ့ညို့ရီနေတဲ့ ညတွေမှာ
အိမ်ဖြူဖြူလေးရှေ့ပန်းခင်းလေးထဲ ကင်းဗတ်စ်ပေါ်တစ်ခုခုတွေးနေသော...နေလင်းဖြိုးတစ်ယောက်
်၊ လရိပ်လှုံနေတဲ့ သူ့ချစ်သူကောင်မလေးအကြောင်းရယ်ကို
မြို့လေးကလူတွေအဖို့ သက်ရှိပန်းချီကား၊ကဗျာ..တွေအဖြစ် မြင်နေရန်ခင်းပြရန်အားထုတ်နေလေရဲ့ ကွယ်....။
လရိပ်ဝတ်ရုံပြာပြာက ကမ်းပါးလေးပေါ်လွှမ်းခြုံထားချိန်တိုင်း
ကဗျာဆရာလေးက ပန်းချီရေး၊ ချစ်သူကောင်မလေးက
ဆံယဉ်ညို့ညို့တွေကြဲဖြန့်ပြီး လရိပ်လှုံ၊ .မှုန်ဝါးဝါးအပြုံးတွေကိုခက်ဝေးဝေးမှာပုံထင်ကာပြ
.... ဒါဟာလရောင်အောက်က သူတို့ရဲ့ကမ္ဘာပေါ့ ..။။
နှင်းတွေဆွတ်ဆွတ်ကျင်ကျင်ကျနေတတ်တဲ့ ဖေဖေါ်ရီတစ်နေ့နေ့မှာ
ချစ်သူကောင်မလေးရဲ့ မွေးနေ့ပွဲကို ဒီအိမ်ဖြူဖြူလေးထဲမှာ ကျင်းပဖြစ်ဖို့တွေးခဲ့ ပေမဲ့ မရခဲ့ဘူးလေ...။
မွေးနေ့ကိတ်မလိုဧည့်ပရိတ်သတ်မလိုတဲ့ သူတို့နှစ်ဦးထဲသာရှိတဲ့ မွေးနေ့ပွဲလေးထဲကိုကောင်းကင်မိသားစု
တွေအားလုံးကိုဖိတ်လိုက်တယ်..နောက်ပြီးကာရံမဲ့ ကြမ်းခင်းပေါ်ကကောင်မလေးကိုမနှိုးခဲ့သေးပါဘူးလေ.. ဒါပေမဲ့ ................သူနှိုးလာတယ်..အပြုံးတွေနဲ့ ကမ္ဘာလေးရယ်..ဘယမမေ့နှိုင်စ၇ာ
နှင်းဝတ်ရုံပါးပါးခြုံထားတဲ့ လသာညလေးတစ်ညမှာ .....
အိမ်လေးရဲ့တံခါးများအားလုံးဖွင့်ပြီးအိမ်လည်မှာဖယောင်းတိုင်ဝိုင်းကြီးထွန်းလို့ပေါ့။
ဖယောင်းတိုင်တွေရဲ့အလည်မှာမှ သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာ
တစ်ယောက်တစ်စိမ့်စိမ့်ကြည့်ရင်း အဲဒီညကို ငြိမ်ငြိမ်လေးဖြတ်ကျော်ကြ ။
အဲဒါက ချစ်သူကောင်မလေးရဲ့ပြီးပြည့်စုံတဲ့ မွေးနေ့ပွဲလေးပေါ့ ။
ကောင်းကင်မိတ်ဆွေများကလည်း.....ရင်တွင်းစကားတွေအများအပြားနှင့်အားပေးခဲ့ကြတယ်လေ..။။
futuresky (ကိုကြီး)ဒီကလိုလေးစပြောပါတယ်....ဂျ...
ကျွန်တော်ပြောချင်တာက ကိုယ်အတွက်လည်းလုပ်ပါ။ ဘေးဘက်ကလူအတွက်လည်းလုပ်ကြပါ တက်နိုင်သလောက်ပေါ့။ ကိုယ်မုန့်တစ်ခုစားတဲ့နေရာမှာ တစ်ဝက် လောက်ပဲစားပြီး ပြောတာမဟုတ်ပါဘူးနော်ဗျ..။တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မူတွေ ထားကြပါ။ ဘာပဲဖြစ်ဖြစ်ဒီနေ့လိုမွေးနေ့လေးဖြစ်လာပြီဆိုတော့ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ရတယ်.. သူငယ်ချင်းတွေလည်း ထပ်ရတယ်... တစ်ယောက်နဲ့ တစ်ယောက်မသိကြပေမယ့် လေးစားခင်မင်မူတွေရှိကြတယ်။ ဒီအနာဂတ်ကောင်းကင်မှာရှိတဲ့ ညီငယ်ညီမငယ် အားလုံးကလည်း တစ်ဦး အပေါ်တစ်ဦး ညီအကိုမောင်နှမစိတ်ဓါတ်တွေရှိတာ ကျွန်တော်တွေ့နေရပါတယ်.. ဒီလိုမျိုးပဲရှေ့ဆက် ဖြစ်စေချင်တယ်။ ဆိုဒ်ထဲဝင်လာပြီးမှ ပြန်ထွက်သွားတာကိုလည်း မတွေ့ချင်ဘူး.. ဒီထဲမှာပဲတစ်သက်လုံးရှိစေချင်တယ်...ဒဏ်ရာတွေနဲ့အမေ့သားလည်း.
.ဖြေသာရန်အ၇ိပ်သစ်လေးတွေ့ ပါစေလို့ဆုမွန်ကောင်းတောင်းပေးခဲ့ပါရဲ့ ဗျာ..။။
တောင်ပေါ်သား (နောင်ငဲလေး)ကဒီကလိုလေးထက်ပြောတော့လေ..
ပျော်တာပေါ့ ။။ ကိုယ့်ဘော်ဒါတွေ တစုတဝေးနဲ့ ဒီမွေးနေ့လေးမှာပြန်ကဲရမှာလေ ။။
ညီလေ့း်ရဲ့အချစ်စစ်ပေါ်ကိုယ်ကိုတိုင်ပြန်ဝေဖန်ရမယ်ဆိုရင်တော့ ကောင်းပါတယ်.တဲ့ .။
ခွဲခွါနေကြတဲ့ သူငယ်ချင်းတွေ ပြန်ဆုံစည်းရတယ်.. နည်းပညာတွေ အတတ်ပညာတွေ
ပိုပိုပြီးသိလာတယ်.. စတာစတာတွေပေါ့ တစ်နေ့နေ့တော့ ဖြစ်လာမှာပါ ။ အစကတည်းက မရှိမဲ့ရှိမမဲ့လေးတွေနဲ့ စုထားပြီးဖြစ်လာတာပါ။ ဆိုက်အတွက်အဖက်အဖက်က ဝိုင်းဝန်း အားပေးကြတဲ့
ညီအကိုမောင်နှမတွေကို အနောင်ဆိုတဲ့ တောင်ပေါ်တိုင်းရင်းသားလေးက အမြဲဆုတောင်ပေးနေမှာပါ..။ လက်ရှိပွဲလေးထက်နောင်အခါပေါင်းများစွာမှာအစားသောက်ကောင်းကောင်းတွေနဲ
့ဒီထက်မကပြုစုကျွေးနှိုင်ပါစေတဲ့ လေ...။။
ဂဒိုး..လေးက..လက်ကာပြပြီးစကားဆိုပြန်တယ်...
တစ်ယောက်နဲ့တစ်ယောက်မမြင်တွေ့ဘူးပေမဲ့ အွန်လိုင်းမှာခင်ခွင့်ရပြီး သူငယ်ချင်းတွေအများကြီး အခုလိုစုစုစည်းစည်း တတ်ညီလက်ညီနဲ့ တွေ့လိုက်ရတာ မမြင်ဘူးတဲ့မြင်ခွင်းတစ်ခုကို မြင်တွေ့လိုက်ရသလိုပါဘဲ ။
အမေ့သားရဲ့ ဒီမွေးနေ့လေးမှာ..ဒီလိုစုံစုံညီညီလေးတွေ့၇တာထက်ကိန့်မုန့်တွေစုံနေတာ
ပိုကြိုက်ပါတယ်ဂျာတဲ့ ...။။
ဂျူလိုင်မိုးမင်း..လေးက(ပြောရအုံးမယ်ဗျ..အလှည့်ရောက်လာတော့လေတဲ့ 
အမေ့သားနေလင်းဖြိုးမွေးနေ့ပွဲလေးဆိုတော့..အေ၇ာက်လာမယ်ဆိုပြီးတွေးကာလာတော့
ပျော်စရာဘော်ဘော်တွေကိုတွေ့၇တာ...၀မ်းသားခဲ့မိတယ်ဗျ....
ဝမ်းသာလွန်းလို့ ထာဝရအမှတ်တရဖြစ်အောင်ဆိုပြီး မန်ဘာဝင်တာတောင်
ပထမရအောင်ဝင်တယ် ဒါပေမဲ့ creator အကောင့်ကနေ ထွက်တာကြာသွားလို့ လွမ်းနောင်က အရင်ဝင်သွားတယ် စားစရာတွေနဲ့ချောချောမမလေးတွေမှကျန်သေးရဲ့လားပေါ့ တွေးမိတယ်..ဟိဟိ..
ပျော်တယ်လေ ဆိုဒ်စစချင်းဝင်ခွင့်ရတာ ကိုယ့်ဆိုဒ်မှာကအက်မင်တွေက တော်တော့ ကိုယ့်အရည်အချင်း ကိုမသိရဘူး ဒီတော့ သူများဆိုဒ်မှာ ကိုယ့်အရည်းအချင်းကို လက်တည့်စမ်းချင်တဲ့စိတ်ကလည်းရှိတယ်အနာဂတ်က..ဘော်ဘော်တွေအားလုံးနဲ့
ဖော်ဖော်ရွေရွေလေးထာ၀၇နေသွားမယ်ဗျာ...။။ အနာဂတ်ကို လက်ခံလိုက်လို့ web creator တယောက်နဲ့ရင်းနီးခဲ့တယ်ရှေ့ဆက်လျှောက်ဖို့လမ်းပေါက်ခဲ့တယ်လေ။
အနာဂတ်ကောင်းကင်ကတော့ ကျွန်တော့အတွက်မမေ့နိုင်ပါဘူးဗျာ.
ဒါ့ထက်အမေ့သားတစ်ယောက်လည်း.
.အလွမ်းပင်လယ်မှကျော်ဖြတ်ကာ
ကမ်းဖြေမြင်လို့အနားယူနှိုင်ပါစေတော့လား..တဲ့ ...။။။
လွမ်းနောင်..ညသခင်..kirazarni..တောင်ကြီးသား (စိုင်းတုတ်ကြီး..
အလင်းသစ်...ဇင်မျိုး(ခ)ဖယောင်းတိုင်....ဗွေးထင်...ကောင်းကင်အိမ်.
..ဒီရေလှိုင်း..KHUN GYI ( TGI)..
yemin..ဖိုးချစ်ကလည်းအကလေးတွေနဲ့ ..ထက်ပြီးတော့..
လူနောက်ကတစ်မျိုးလေးပေါ့ ..မျိုးသစ်..
fencerlay (ဖန်လေး)...Dj-တောသား..♥အစွယ်♥(!v0rY).
..Nilar...ခင်မေခ(ခ)ခခ....
♪♥Linsinyaw♥♪ ....လမင်းပျို (မြလေးယမုံ)..လေးလေး.. ပိုးကောင်လေး..
ĴЄƜЄ˩ (လ၀န်း).. ချစ်ပန်းခိုင်.. ခေး (καℓαʏмαℓαʏ..)မကleo..ကိုဆောင်းလုလင်..တို့နှင့်အတူအဖွဲ့ ဝင်အားလံ...
(၂)
အိမ်လေးရှေ့ ပန်းခင်းလေးရဲ့ညာဖက်က ရေဆင်းတံတားလေးကတော့
ချစ်သူအတွက် ကဗျာဆရာလေးကိုယ်တိုင်ဆောက်ပေးခဲ့တာပါ။
ချစ်သူရဲ့လရိပ်လှုံရာ နောက်တစ်နေရာပေါ့ ။
လရောင်ဖွေးဖွေးက မြစ်ပြင်ကိုထိနမ်းပြီး ...တိမ်တွေရဲ့ အနောက်မှာ
ဘော်ငွေရောင်ဖျပ်ဖျပ် လဲ့ရီနေချိန်တချို့မှာချစ်သူကောင်မလေးက
ရေဆင်းတံတားလေးပေါ်က ခြေဆင်းထိုင်ရင်း လမင်းသမီးရဲ့အက ၊
မြစ်ပြင်ကျယ်ရဲ့ဂီတကို မြတ်မြတ်နိုးနိုးခံစားတတ်လေတော့
ရေဆင်းတံတားလေးကလည်းကဗျာဆရာလေးရဲ့ ဘ၀အစိတ်အပိုင်းတစ်ခု
ဆိုပါတော့ ။
(၃)
အခုအချိန်မှာတော့ကဗျာဆရာလေးအတွက် တစ်ဘ၀စာ
အရေးအကြီးဆုံးအလုပ်ကိုလုပ်နေပါပြီ ။ ခံယူချက်အတွေးတွေနှင်
့လက်လှမ်းမှီသလောက်အားထုတ်မှု့တွေပေါ့ ..။
သူ့ချစ်သူကောင်မလေးရဲ့ လရောင်ဆမ်းတဲ့အလှကို ပုံတူရေးနေပြီလေ ။
လသာတဲ့ညတိုင်း ချစ်သူကောင်မလေးက ပန်းခင်းလေးထဲမှာ ငြိမ်ငြိမ်လေးထိုင်၊
ဆံနွယ်ရှည်တွေက ဝေ့ဝေ့လွင်လွင်။ ဒါကိုကဗျာဆရာလေးက
ကာရံကော်ကြောင်းရေး...ဒီလိုနဲ့........
ချစ်သူကောင်မလေးရဲ့ ဘ၀ထင်ထင်ကဗျာလေးကတဖြည်းဖြည်း .... ..... .....
တဖြည်းဖြည်းနဲ့ .........
အခုဆိုရင် ချစ်သူကောင်မလေးရဲ့ မျက်နှာပေါ်က
စံပယ်တင်မှဲ့လေးတစ်လုံးရေးလိုက်ရင် အရာအားလုံးပြည့်စုံတဲ့
ကဗျာလေးတစ်ပုဒ်လက်စသပ်ပြီပေါ့ ။
အဲဒီ စံပါယ်တင်မှဲ့လေးတစ်လုံးကပဲ ကဗျာဆရာလေးအတွက် တစ်ဘ၀စာ
အမှတ်တရလက်ရာဖြစ်နေတာ့မှာ......။
သူ့ချစ်သူကောင်မလေးကို စတင်စွဲလမ်းမြတ်နိုးရတာ
ဒီစံပါယ်တင်မှဲ့ကလေးက စခဲ့တာပေါ့.....။
ခုံတန်းလေးကအဖော်မဲ့..ငှက်လေးတွေကတောင်အပယ်ထားမနားလေတော့ကွယ်..
စံပါယ်တင်မှဲ့ကလေးကို မျက်နှာမှာ တင်ကြည့်လိုက်၊
စိတ်တိုင်းမကျလိုက်၊ ပြန်ဖျက်လိုက်။
ဒီလိုနဲ့......စံပါယ်တင်မှဲ့လး ကို ကြိုးစားပမ်းစားရေးနေတုန်း
လသာတစ်ည......``ရေဆင်းတံတားလေးဖက် ဆင်းလိုက်ဦးမယ်၊
ခဏနေရင်ပြန်လာခဲ့မယ်နော်´´ ချစ်သူရဲ့စကား။
``OK.....ပြန်လာတာနဲ့ ဒီကဗျာလေးလက်စသပ်ပြီးဖြစ်နေစေရမယ်......´ ´
ကဗျာဆရာလေးရဲ့ကတိ။
(၄)
ဒါပေမယ့်.....အဲဒီလသာညက ချစ်သူကောင်မလေး
ပြန်ရောက်မလာခဲ့ပါဘူး။
နောက်လသာတစ်ည.....
နောက်.....
(၅)
(၃)ရက်လောက်ကြာတဲ့အချိန်မှာ မြို့လေးကလူတွေနဲ့ ရက်ကွပ်ထဲကလူတွေပြောနေကြတာကို
သူ(ကဗျာဆရာလေး) သဲ့သဲ့ကြားမိပါတယ်။
စံပါယ်တင်မှဲ့လေးနဲ့ မိန်းကလေးအလောင်းတစ်လောင်းကခြံတစ်ခြံအတွင်းမှာ
ခက်ချောချောလေးနော်ဟယ်..ဘယ်လိုဖြစ်တာပါလိမ့်တဲ့ နော်........အစပြုပြီး ဆံပင်အရှည်လေးနဲ့ဖြစ်ကြောင်းများပင်။
အဲဒါ သူ့ချစ်သူ လုံးဝမဖြစ်နိုင်ပါ။ သူ့ချစ်သူကောင်မလေးက သူ့ကို
``ခဏနေပြန်လာမယ်´´လို့ အသေအချာပြောသွားခဲ့တာ။ သူ့ချစ်သူက သူ့အပေါ်
ဘယ်တော့မှမညာခဲ့။ တစ်နေ့နေ့မှာ မဖြစ်မနေ ပြန်လာလိမ့်မယ်။
ဒီအချိန်လေးအတွင်းမှာ သူ့ဖက်ကလည်း ကဗျာလေးလည်းလက်စသပ်ထားဖို့ လိုတာပေါ့။
(၆)
တစ်ခါတုန်းက .... ..... နတ်သမီးတစ်ပါးနဲ့ လုလင်ငယ်တစ်ဦးတို့
အရူးအမူးချစ်ခဲ့ကြဖူးသတဲ့.....။ ဒီလိုနဲ့ နတ်သမီးလေး
လူ့ပြည်လူ့ရွာမှာနေဖို့ အခွင့်ကုန်လို့ မဖြစ်မနေပြန်ရတော့မယ့်အချိန်ကို
ရောက်လာပါတော့တယ်။
မလွှဲသာတဲ့အဆုံး နတ်သမီးလေးက ချစ်သူလုလင်ငယ်ကို သေတ္တာတစ်လုံး
ပေးထားခဲ့ပြီး နာနာကျင်ကျင် ခွဲခွာရပါတော့တယ်။ အဲဒီသေတ္တာကို
ဘယ်တော့မှမဖွင့်ဖို့အကြောင်း၊ ဖွင့်မိသွားရင်
အကြီးအကျယ်နောင်တရမှာဖြစ်ကြောင်း တွေကိုတော့
အသေအချာမှာသွားပါတယ်.....။
ချစ်သူနတ်သမီးလေး တစ်နေ့ပြန်လာနိုးနဲ့ မျှော်လင့်နေရတဲ့ လုလင်ငယ်ဟာ
အရာအားလုံးဆုံးရှုံးလိုက်ရပြီး မှတော့
ဘာမှလည်းထူးမနေတော့ပါဘူးလေဆိုတဲ့အတွေးနဲ့ သေတ္တာလေးကို
ဖွင့်ပါလေတော့သတဲ့။
ဖျပ်ကနဲဖွင့်လိုက်တယ်ဆိုရင်ပဲ အခိုးအငွေ့တစ်ချို့လေထဲဝဲပျံ
ပျောက်ကွယ်သွားပါတော့တယ်။ သေတ္တာထဲမှာတော့ ဘာမှမရှိဘူးဆိုပဲ။
တကယ်တော့ လေထဲမှာဝဲပျံပျောက်ကွယ်သွားတဲ့
အငွေ့တွေဆိုတာဟာ``မျှော်လင့်ခြင်း´´လို့ခေါ်တဲ့ အရာတွေတဲ့။
မျှော်လင့်ခြင်းတွေထည့်တဲ့သေတ္တာ ပေါ့။ ပန်ဒိုရာသေတ္တာလို့ခေါ်ပါသတဲ့။
ခုတော့ လုလင်ငယ်မှာ မျှော်လင့်ခြင်းသော်မှ မရှိရှာတော့ဘူးပေါ့။
အဆုံး
မြို့လေးရဲ့ကမ်းနဖူးထိပ်မှာ လေတိုက်တိုင်းယိမ်းနွဲ့နေတတ်တဲ့
(အရင်တုန်းကမရှိခဲ့တဲ့) အစိမ်းရောင်မြက်ခင်းကြီးတစ် ခင်းက
ဒဏ္ဍာရီဆန်ဆန်လှလှပပ။
ကဗျာဆရာအဖိုးအိုတစ်ယောက် ပန်းချီရေးနေရင်းလဲကျသေဆုံးသွားတဲ့အခါ
သူ့နှလုံးသားက မြေကြီးမှာအမြစ်တွယ်ပြီး အပြာရောင်သစ္စာပန်းခင်းကြီး
ဖြစ်သွားနိုင်ပါသလား။
ဒါမှမဟုတ် ကဗျာဆရာအဖိုးအိုရဲ့ ဘယ်တော့မှမဖွင့်ခဲ့တဲ့
ပန်ဒိုရာသေတ္တာက အပြာရောင်သစ္စာပန်းခင်းအဖြစ်
အသွင်ပြောင်းသွားနိုင်ပါသလား။
ဘယ်လိုပြောပြောပါလေ..အလွမ်းတွေဖြာကြ..ဒီညလေးထဲမှာမိုးစက်တွေဝနေတဲ့
ကျောပြင်လည်းနေရာဟောင်းလေးထဲမှာအေးစက်တည်ငြိမ်ခဲ့တယ်နော်...။
အမှတ်တ၇နေ့တစ်နေ့အတွက်မို့ ရေးဖြစ်အောင်ထက်..ရေးဖြစ်ခဲ့ပါတယ်နော်......။။ပြီးပါပြီ..
ကဗျာလေးကတော့ချမပြခဲ့ချင်သေးလို့ခနလေးပြန်ယူသွားပါတယ်နော်ဗျ...
လေးစားစွာဖြင့် ...အမေ့သားနေလင်းဖြိုး.......
အနာဂတ်ကောင်းကင်အတွက် အဖက်ဖက်က ၀ိုင်းဝန်းကူညီပေးကြတဲ့ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ ခံစားချက်လေးတွေကိုလည်း ဖော်ပြချင်ပေမဲ့ကော်နက်၇ှင်ကြောင့်...ပေါ်ပေါ်လွင်လွင်
မဖြစ်ခဲ့ပါဘူး...သို့သော်..နာမည်လေးများယူသုံးမိပြန်ပါတယ်...
အနာဂတ်ကောင်းကင်ရင်တွင်းစကားများမှယူသုံးထားခြင်းပါနော်..
သူငယ်ချင်းများအားလုံးဒီအလွမ်းတွေငေးရင်းစိတ်နှလုံးအေးချမ်းတည်ငြိမ်ပါစေသားဗျာ...
ဒီဆောင်းပါးလေးဖတ်ပြီးသာယာပျော်ရွှင်ကြပါစေဗျာ
စာလုံးလေးတွေပါပဲ
ReplyDeleteစိတ်ပြေခဲ့ရင်တော့ဝေဖန်ချက်လေးတွေ
ထားပေးခဲ့ပါနော်ခင်ဗျ