24.7.2012
(ခါဝသာန်မိုးစက်အောက်ကမွေးနေ့အငြိမ့်)
မြို့ ရိုးကျော်ဖြတ်
ဂိတ်ဝစည်းရိုး
ဇွတ်အတင်းဖြတ်
အတိုင်းပေတံ
နင်းခြေဖျက်နင်း
လွတ်ရာအဝေးဆီ
ပြေးထွက်လာခဲ့ 
အို...ကောင်းကင်ယံက
မွေးနေ့ရှင်ဖိုးချစ်ရေ...။။
သိုသိပ်မရ
ရင်ခွင်တိုးဝင်
အရိပ်ကျရာ
ကောင်းကင်မြေပေါ်
ပျော်နေလိုက်တာ
သူ့မွေးနေ့မဟုတ်သလို
အပြုံးအသွင်က
နှလုံးပင်အေးစေလို့ 
ဒီမိုးကြွင်းအရိပ်
တိမ်တစ်စင်းစာ
အော်ဟစ်တွဲခို
မွေးနေ့ပွဲလေးသို့ ..
ဒီနေ့မှအစပျိုး
မနက်ဖြန်များကိုကျော်ဖြတ်
ဘ၀၏ရည်မှန်းပန်းတိုင်
အလံလွှင့်ထူနှိုင်ပါစေသား..။။
ခင်မင်လေးစားလျက်အမေ့သားနေလင်းဖြိုး

No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး