ဘယ်လိုစပြောရမလဲ
ငါ့ရင်ခုန်သံကိုငါမမြင်လိုက်ဘူး
မင်းကိုချစ်မိသွားခဲ့တယ်..။။
ငါမတောင်းတခဲ့ပေမဲ့ .....
ငါ့ရင်ဘက်ပေါ်ဘာတွေကျလာပါလိမ့်
လမင်းရဲ့ရယ်သံတော့ကြားလိုက်ပေမဲ့ 
ကောင်မလေးကဘ၀တစ်ခုဖြစ်ခဲ့ပြီ..။။
အဲ့အချိန်တုန်းက.......
အခန်းတံခါးကိုဖွင့်ပြီးမြင်ရတာဆိုပေမဲ့ 
စာကျက်ခန်းမှာဘယ်သူပါလိမ့်နော်
ငါ့ဆီမှာလိုတာတောင်းပါ..ကောင်မလေးမှလွဲပြီးပေါ့..။။
ဒါပေမဲ့....အခုတော့...
ဒီလိုပြောရင်ကောင်းမလား....
လက်ပေါ်ကဓာတ်ပုံလေးရယ်
ငါ့နှလုံးပေါ်ကမျက်ရည်တွေကိုငေးနေသလား
ဘယ်သူမှမမြင်အောင်လွမ်းနေတုန်းပါပဲလေ..
အဖြူရောင်အုတ်ဂူလေးတောင်မှအရောင်တွေမှိန်လို့...။။။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး