အမှိုက်မသွန်ရ...ဒဏ်ငွေ1500ရေးထားရက်နဲ့ 
ငါ့နှလုံးသားပေါ်ကိုအလွမ်းတွေလာပြစ်သွားသူ
လူကူးမျဉ်းကြားမှာကူးပါရေးထားရက်နဲ့ 
ငါ့ရင်ကိုကစုန်ပေါက်နင်းချေသွားသူရေ
လမိုက်ညရဲ့မျက်နှာကိုဘယ်ပ၀ါနှင်သုတ်ရမလဲ
ငွေလကိုငေးနေပေမဲ့နင့်အနမ်းကိုပြန်တမ်းတမိပါရဲ့..။။
မင်းဘ၀လေးလှစေဖို့ ရန်ငါ့အချစ်တွေကိုချကြွေးခဲ့တာ
ဝမ်းမနည်းနေပါနဲ့နော်လမ်းမှာခဲကြမ်းတွေကကျဲနေပါစေ
ခနပါပဲကြာရင်မေ့သွားမှာ..နင်အတွက်ဒီကဗျာကိုအစပျိုး
ဒီနေ့အဆက်မနက်ဖြန်မှာလင်းထိန်ကောင်းပါစေတော့လေ..။။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး