တံခါးကို ခြေထောက်နဲ့ ကန်ထုတ်ပြီးမှ
ဥာဏ်ရှေ့သွားခဲ့သလား ဥာဏ်နောက်လိုက်ခဲ့သလား
လိုတာမှန်သမျှ မျိုစရာမကျန်ရလေအောင်
လွှတ်တင်ထားတဲ့ လေစီးကြောင်းကြီးတွေ
မင်းတို့  လက်ထဲ ရှိတာ
ငါ သိပါတယ်...။
အသံကုန်အော်ပြီးမှ ရိုကျိုးလွန်းတဲ့ ရေပြင်ကြီးကို ရပ်ငေး
ကယ်သူမရှိတဲ့ ဘာသာစကားနဲ့ ခံစားချက်တွေ နားလည်
အတွေးတွေနဲ့ ဘယ်မှရွေ့မသွားတဲ့ ဆိုင်းဘုတ်
ေ မှောင်မဲနေတဲ့ အတိတ်ထမင်းချိုင့်ခွက်ထဲ ပြန်မထည့် ကြပါနဲ့ တော့ 
အနာဂါတ်ကို မြေမြှုပ် သလို ဖြစ်သွားမှာ စိုးရိမ်တယ်...။
နေ၀န်းခန့် (သို့ ) နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး