...........ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ........
ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့ သူ
ငါလည်း ငါ့အနုပညာနဲ့ ငါ။
သွားလေသူရဲ့သတင်းစကား
ငှက်ကလေးတွေ ပြန်သယ်မလာတော့ဘူး
မိတ်ဆွေ မြင်ပါစေ....
တိတ်ဆိတ်ခြင်းမှာ
သစ်ရွက်တွေထက် ကဗျာတွေက အရမ်းကြွေတာပဲ ။
ပြက္ခဒိန်ကို လှန်ကြည့်မိတော့
လက်ချောင်းရာတွေသာ ဖုန်တွေပေါ် ထင်ကျန်ရစ်တယ်
လှည့်မကြည့်ဖြစ်ခဲ့တဲ့ ရက်စွဲများထက်
ြ မြန်မာပြည်ရဲ့  မေတ္တာကိုရှာ
ေ ခေါင်းပါးလွန်းတာ တွေ့ ရုံ မှအပ
COFFEE တစ်စက်လောက်မျှ အရသာ
ဆင်းရဲ သား ဘ၀တွေထဲ ပေါ်လော ပေါ်လော မျော်နေလျက်...။
ြ ပြိုတော့မယ့် တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့ အရည်အသွေး စင်စစ်
မင်းတို့  ထိတ်လန့် စေဖို့ 
အစာမ၀သေးဘူး အသားမာတက်နေသူများအတွက်
ြေ မြွေတွင်း ကိုမှ နှိုက်ချင်နေတဲ့ ..လက်...
အဆိပ် တက်ချင် တက်ပါစေတော့...။
နေလင်းဖြိုး (သို့ ) နေ၀န်းခန့် 
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး