မေမေ
ေေေ ဆောင်းတစ်ခုမဟောင်းခင်
နှ နှစ်သစ် တစ်ခု မကူးခင်ပေါ့
နှ နှင်းဖြူ ဖြူ ဖွေးဖွေး တွေငေးရင်း
ရင်ထဲမှာလွမ်းမော တမ်းတမိပါရဲ့  အမေ..။
မေမေရေ.....
လွမ်းတာလည်းလွမ်းတယ် မရောင့်ရဲဘူးေေေ ဆောင်းတစ်ခုမဟောင်းခင်
နှ နှစ်သစ် တစ်ခု မကူးခင်ပေါ့
နှ နှင်းဖြူ ဖြူ ဖွေးဖွေး တွေငေးရင်း
ရင်ထဲမှာလွမ်းမော တမ်းတမိပါရဲ့  အမေ..။
မေမေရေ.....
လှမ်းတာလည်းလှမ်းတယ် မရောက်သေးဘူး
ေ ခြေလှမ်းတိုင်းမှာ အလွမ်းတွေအပြည့်နဲ့
အိမ်ပြန်လာချင်ရဲ့လေ မွေးမေမေ
အဝေးကြီးဝေးခဲ့ပြီမေမေ သားမြင်မိတယ်
ဘယ်သူမပြုမိမိမှုတဲ့ သားသိပါတယ်
အဲဒီလိုထပ်ခါတလဲလဲရွတ်ဆိုနေမိတဲ့
အိမ်လွမ်း ငှက် တစ်ကောင်ရဲ့ နှလုံးသားမှာ
မေမေကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်း
ဟောဒီနှုတ်ခမ်းဖျားတွေပါပဲလေ……။
အမေ
လက်တွဲ အဖြုတ် နောက်အဆုတ်မှာ
ကြွေကြမြေခမဲ့  အမေမျက်ရည်စကို
သားမြင်တွေ့ ခွင်မရ ရပါစေနဲ့ လားအမေ…။
အမေ....
အဖေမရှိခဲ့ပေမဲ့  မေမေရှိ နေခဲ့ တဲ့ သားဘ၀မှာ
အရာရာ နတ္ထိ ကျန်တာမရှိလဲ
သား နေတက်ပါပြီ အမေ...။
အမေ......
အဲ့ ဒီခေါင်းစဉ်နဲ့ ကဗျာရေးရင်
ဒီစာမျက်နှာနဲ့ ဆံ့ပါ့မလား .....?
အဲ့ ဒီစကားလုံးတွေနဲ့ ကဗျာဖွဲ့ရင်ရော
အမေ့မေတ္တာလောက် မှီ ပါ့မလားအမေ ......။
အမေ.....
ဘယ်လို သစ္စာတရားတွေနဲ့
ဘယ်လို မေတ္တာတရားတွေနဲ့
“ လင်း ” ပြခဲ့ပြီးပြီလဲ တွေးမိလိုက်တိုင်း
အဝေးက သား အမေ့ ရင်ခွင် ခိုဝင်နားလိုက်ချင်စိတ်
ထိန်းကွပ် မရ ပြင်းပြ လိုက်တာ အမေရယ်....။
ဘာပဲဖြစ်ဖြစ်....
ဦးနှောက်ကိုခါယမ်းပြီး
တစ်ရက်တည်းမဟုတ်တဲ့ သက္ကရာဇ်တွေကို
အမှိုက်ပုံးထဲ ပစ်ထည့်လိုက် အပြီးမှာ
ကျွန်တော် ...ကျွန်တော် ကျွန်တော်...
မြေကြီးပေါ်ကို ဖြုတ်ကနဲ ကြွေကျ
အမေ့လူကလေး ပြန်ဖြစ်မှာပေါ့ ..လို့ တွေးမိလိုက်တိုင်း
ဒီတစ်ဘ၀နဲ့အမျှ.. ဘယ်လိုမှပြန်မပေးဆပ်နိုင်တဲ့
မေတ္တာတရားတွေ…နှင့်  မိခင်အတွက်
လသာတဲ့ညတွေမှာ
ကြီးပြင်းခဲ့တာ မဟုတ်ပေမဲ့လည်း
အတောင်အလက်စုံလာလေ
ဒါဏ်ရာတွေများလာလေ
လောကဓံကအထုအထောင်းကောင်းလို့
ထုသားပေသားကျလာတဲ့ဒီခန္ဓာမှာ
ဘာကိုမှထူးပြီးမခံစားချင်တော့တဲအဆုံး
အဲ့သလို စိုးရိမ် စိတ်တွေ နဲ့ပဲ
ဒီ တစ် နှစ်မှာ လည်း
ဒီကဗျာ ကိုရေး မေမေ့ အတွက်
ပူဇော် ကန်တော့ လိုက်ပါရစေ အမေ....။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး